Home
မြန်မာသတင်း
ဝမ်းတွင်းတွင် မိုးခေါင်၍ နွားစာ အခက်အခဲဖြစ်နေ
DVB
·
August 17, 2019
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ မိုးခေါင်နေတာကြောင့် နွားစာ အခက်အခဲဖြစ်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။ တမာကန်ရွာနေ ကိုကျော်နိုင်က "ရွာပတ်လည်မှာ ရေမလာ ရေမရှိတဲ့ မြစ်ရေတင် မြောင်းကြီးလည်းရှိတယ်၊ စမုံဆည် ရေမြောင်းလည်းရှိတယ်၊ ယာမြေတွေထဲမှာ မြောင်းတွေလာတူးတယ်၊ တခါမှ ရေမလာသေးဘူး၊ မိုးရေပဲအားကိုးပြီး စိုက်ပျိုးရေးလုပ်နေရတယ်။ အခုလို မိုးခေါင်တော့ လူစာထက် နွားစာက ခက်လာတယ်။ ဆည်ရေသောက် တောင်သူတွေဆီက နွား ၂ ကောင်အတွက်ဆို တလကို တသိန်းဖိုးလောက် ဝယ်ကျွေးရတယ်"လို့ ပြောပါတယ်။ မွေးမြူရေးနှင့်ကုသရေးခရိုင်ဦးစီးမှူးက "မိုးကတော့ ခေါင်တယ်ဗျာ၊ ကောက်ရိုးတွေ မြက်ထုံးတွေ သယ်သွားနေကြတာ တွေ့နေရတယ်။ မိတ္ထီလာခရိုင်တခုလုံး နွားအကောင်ရေ ၇ သိန်းကျော် လောက်ရှိတယ်၊ ဝမ်းတွင်းမြို့နယ်မှာ ၂ သိန်းနီးပါး ရှိတယ်" လို့ ပြောပါတယ်။ စိုက်ပျိုးရေးဌာနဝန်ထမ်းတဦးက "၂၀၁၈တုန်းက အခုလိုအချိန်ဆို မိုးရေချိန် ၁၈ လက်မလောက်ရွာပြီးပြီ၊ အခု သြဂုတ်လ တဝက်ကျိုးပြီ မိုးရေချိန် ၁၂ လက်မလောက်ပဲ ရွာသေးတယ်။ ၂၀၁၉ ထဲမှာ မိုးရွာတဲ့ရက် ၂၄ ရက်လောက်ပဲ ရှိတယ်၊ တလပျမ်းမျှ ၃ ရက်လောက်ပဲရှိတယ်" လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ်မှာ လယ်ယာမြေဧက ၂ သိန်းခွဲလောက် ရှိတဲ့အနက် ဧက ၆ သောင်းကျာ်က ဆည်ရေသောက် ကန်ရေသောက်တွေ ဖြစ်ကြပြီး ကျန်လယ်ယာမြေတွေက မိုးကောင်းရေသောက်စနစ် ဖြစ်နေပါတယ်။ မိုးမျှော်ပြီး တောင်သူလုပ်ရတာကြောင့် နွားမြူရေးကိုလည်း တဖက်တလမ်းက လုပ်ကိုင်ကြပါတယ်။ မိုးမရွာရင် ကင်းတားဆည်ရေသောက် တောင်သူတွေဆီက ကောက်ရိုး ထော်လာဂျီတစီးတိုက်ကို ၁ သိန်းပေး ဝယ်ပြီး နွားကျွေးရပါတယ်။ ပုံမှန်အတိုင်း မိုးရွာသွန်းပါက နွားတွေကို မြက်ရိုင်းနဲ့ ပြောင်းစိုက်ကျွေးမွေးတာဖြစ်ပြီး မိုးခေါင်နေတာကြောင့် ဘာမှစိုက်ပျိုးမရဘဲ နွားစာအတွက် အခက်အခဲ ကြုံနေကြရတာပါ။ သတင်း-မောင်မောင်လင်း
Zawgyi Version ဝမ္းတြင္းတြင္ မိုးေခါင္၍ ႏြားစာ အခက္အခဲျဖစ္ေန DVB မႏၲေလးတိုင္း၊ ဝမ္းတြင္းၿမိဳ႕နယ္မွာ မိုးေခါင္ေနတာေၾကာင့္ ႏြားစာ အခက္အခဲျဖစ္ေနတယ္ လို႔ ေဒသခံေတြက ေျပာပါတယ္။ တမာကန္႐ြာေန ကိုေက်ာ္ႏိုင္က "႐ြာပတ္လည္မွာ ေရမလာ ေရမရွိတဲ့ ျမစ္ေရတင္ ေျမာင္းႀကီးလည္းရွိတယ္၊ စမုံဆည္ ေရေျမာင္းလည္းရွိတယ္၊ ယာေျမေတြထဲမွာ ေျမာင္းေတြလာတူးတယ္၊ တခါမွ ေရမလာေသးဘူး၊ မိုးေရပဲအားကိုးၿပီး စိုက္ပ်ိဳးေရးလုပ္ေနရတယ္။ အခုလို မိုးေခါင္ေတာ့ လူစာထက္ ႏြားစာက ခက္လာတယ္။ ဆည္ေရေသာက္ ေတာင္သူေတြဆီက ႏြား ၂ ေကာင္အတြက္ဆို တလကို တသိန္းဖိုးေလာက္ ဝယ္ေကြၽးရတယ္"လို႔ ေျပာပါတယ္။ ေမြးျမဴေရးႏွင့္ကုသေရးခ႐ိုင္ဦးစီးမႉးက "မိုးကေတာ့ ေခါင္တယ္ဗ်ာ၊ ေကာက္႐ိုးေတြ ျမက္ထုံးေတြ သယ္သြားေနၾကတာ ေတြ႕ေနရတယ္။ မိတၳီလာခ႐ိုင္တခုလုံး ႏြားအေကာင္ေရ ၇ သိန္းေက်ာ္ ေလာက္ရွိတယ္၊ ဝမ္းတြင္းၿမိဳ႕နယ္မွာ ၂ သိန္းနီးပါး ရွိတယ္" လို႔ ေျပာပါတယ္။ စိုက္ပ်ိဳးေရးဌာနဝန္ထမ္းတဦးက "၂၀၁၈တုန္းက အခုလိုအခ်ိန္ဆို မိုးေရခ်ိန္ ၁၈ လက္မေလာက္႐ြာၿပီးၿပီ၊ အခု ၾသဂုတ္လ တဝက္က်ိဳးၿပီ မိုးေရခ်ိန္ ၁၂ လက္မေလာက္ပဲ ႐ြာေသးတယ္။ ၂၀၁၉ ထဲမွာ မိုး႐ြာတဲ့ရက္ ၂၄ ရက္ေလာက္ပဲ ရွိတယ္၊ တလပ်မ္းမွ် ၃ ရက္ေလာက္ပဲရွိတယ္" လို႔ ေျပာပါတယ္။ ဝမ္းတြင္းၿမိဳ႕နယ္မွာ လယ္ယာေျမဧက ၂ သိန္းခြဲေလာက္ ရွိတဲ့အနက္ ဧက ၆ ေသာင္းက်ာ္က ဆည္ေရေသာက္ ကန္ေရေသာက္ေတြ ျဖစ္ၾကၿပီး က်န္လယ္ယာေျမေတြက မိုးေကာင္းေရေသာက္စနစ္ ျဖစ္ေနပါတယ္။ မိုးေမွ်ာ္ၿပီး ေတာင္သူလုပ္ရတာေၾကာင့္ ႏြားျမဴေရးကိုလည္း တဖက္တလမ္းက လုပ္ကိုင္ၾကပါတယ္။ မိုးမ႐ြာရင္ ကင္းတားဆည္ေရေသာက္ ေတာင္သူေတြဆီက ေကာက္႐ိုး ေထာ္လာဂ်ီတစီးတိုက္ကို ၁ သိန္းေပး ဝယ္ၿပီး ႏြားေကြၽးရပါတယ္။ ပုံမွန္အတိုင္း မိုး႐ြာသြန္းပါက ႏြားေတြကို ျမက္႐ိုင္းနဲ႔ ေျပာင္းစိုက္ေကြၽးေမြးတာျဖစ္ၿပီး မိုးေခါင္ေနတာေၾကာင့္ ဘာမွစိုက္ပ်ိဳးမရဘဲ ႏြားစာအတြက္ အခက္အခဲ ႀကဳံေနၾကရတာပါ။ သတင္း-ေမာင္ေမာင္လင္း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024