ဟွာဝေးကုမ္ပဏီအပေါ် ပေးထားသည့် လျှော့ပေါ့မိန့်ကို အမေရိကန်က သက်တမ်းတိုးဖွယ်ရှိ

ဟွာဝေးနည်းပညာ ကုမ္ပဏီအပေါ် ပေးထားတဲ့ လျှော့ပေါ့မိန့်ကို  အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သက်တမ်းတိုးဖွယ်ရှိတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက သြဂုတ် ၁၆ ရက်မှာ ပြောလိုက်ပါတယ်။    အဲဒီ လျှော့ပေါ့မိန့်ဟာ ဟွာဝေးကို အမေရိကန် ကုမ္ပဏီတွေဆီက ကုန်ပစ္စည်းဝယ်ခွင့်ပြု ထားပြီး  နောက်ထပ် ရက်ပေါင်း ၉၀ သက်တမ်းတိုးလိမ့်မယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။  ဒီလို သက်တမ်းတိုးတာဟာ သြဂုတ် ၁၉ ရက်မှာ သက်တမ်းကုန်မယ့် သဘောတူညီချက်ကို    အသစ်တဖန် ပြန်မွေးဖွားစေပြီး ဟွာဝေးကို ဆက်သွယ်ရေးနည်းပညာ ကွန်ရက်တွေ ဆက်ရှိစေကာ ဟွာဝေးဟန်းဆက်တွေအတွက် ဆော့ဖ်ဝဲလ်အပ်ဒိတ်တွေ ဆက်ပေးစေနိုင်ပါတယ်။  အမေရိကန် သမ္မတ ထရမ့်နဲ့ တရုတ်သမ္မတ ရှီတို့ဟာ ဟွာဝေးကိစ္စနဲ့ပတ်သက်လို့  ဒီသီတင်းပတ်ကုန်မှာ ဖုန်းဆက်ဆွေးနွေးဖွယ်ရှိတယ်လို့ သတင်းရင်းမြစ်တခုကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။
Zawgyi Version ဟြာေဝးကုမၸဏီအေပၚ ေပးထားသည့္ ေလွ်ာ့ေပါ့မိန႔္ကို အေမရိကန္က သက္တမ္းတိုးဖြယ္ရွိ DVB ဟြာေဝးနည္းပညာ ကုမၸဏီအေပၚ ေပးထားတဲ့ ေလွ်ာ့ေပါ့မိန႔္ကို  အေမရိကန္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနက သက္တမ္းတိုးဖြယ္ရွိတယ္လို႔ နီးစပ္တဲ့ သတင္းရင္းျမစ္တစ္ခုက ၾသဂုတ္ ၁၆ ရက္မွာ ေျပာလိုက္ပါတယ္။ အဲဒီ ေလွ်ာ့ေပါ့မိန႔္ဟာ ဟြာေဝးကို အေမရိကန္ ကုမၸဏီေတြဆီက ကုန္ပစၥည္းဝယ္ခြင့္ျပဳ ထားၿပီး  ေနာက္ထပ္ ရက္ေပါင္း ၉၀ သက္တမ္းတိုးလိမ့္မယ္လို႔ သတင္းရင္းျမစ္က ဆိုပါတယ္။ ဒီလို သက္တမ္းတိုးတာဟာ ၾသဂုတ္ ၁၉ ရက္မွာ သက္တမ္းကုန္မယ့္ သေဘာတူညီခ်က္ကို    အသစ္တဖန္ ျပန္ေမြးဖြားေစၿပီး ဟြာေဝးကို ဆက္သြယ္ေရးနည္းပညာ ကြန္ရက္ေတြ ဆက္ရွိေစကာ ဟြာေဝးဟန္းဆက္ေတြအတြက္ ေဆာ့ဖ္ဝဲလ္အပ္ဒိတ္ေတြ ဆက္ေပးေစႏိုင္ပါတယ္။ အေမရိကန္ သမၼတ ထရမ့္နဲ႔ တ႐ုတ္သမၼတ ရွီတို႔ဟာ ဟြာေဝးကိစၥနဲ႔ပတ္သက္လို႔  ဒီသီတင္းပတ္ကုန္မွာ ဖုန္းဆက္ေဆြးေႏြးဖြယ္ရွိတယ္လို႔ သတင္းရင္းျမစ္တခုကို ကိုးကားၿပီး ႐ိုက္တာသတင္းက ေဖာ္ျပပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up