Home
သတင်းတို
ရန်ကုန်သံဃာတော်များ လက်ပန်းတောင်းအရေး ဆန္ဒထုတ်ဖော်ကြွချီဖို့ပြင်
DVB
·
December 12, 2012
ရန်ကုန် ရွှေတိဂုံစေတီတော်က ကြေးသွန်းဘုရားမှာ သံဃာတော်တွေ စုဝေးနေပြီး ဆူးလေဘုရားဘက်ကို လမ်းလျှောက်ကြွချီဖို့ ပြင်ဆင်နေတယ်လို့ ရောက်ရှိသတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။ နေ့ခင်း ၂ နာရီမှာ စတင်ထွက်ဖို့ ပြင်ဆင်နေပြီး လတ်တလောမှာ သံဃာအပါး ၁၀၀ ကျော်လောက် ရောက်ရှိနေတယ်လို့ ဆိုပါတယ်။ ဒီသံဃာတွေဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွင်းတုန်းက ဒဏ်ရာရသံဃာတွေကို အစိုးရက ၀န်ချတောင်းပန်ဖို့ ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ်။ ဒီနေ့ နေ့ခင်း ၁ နာရီကစလို့ မန္တလေး၊ ချောက်၊ မုံရွာနဲ့ ပခုက္ကူမြို့တွေမှာလည်း သံဃာတွေ ချီတက်ကြွချီ ဆန္ဒပြနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024