မြေအောက်ရေကန်အတွင်း ပန်းရန်အလုပ်သမား ၃ ဦး အောက်ဆီဂျင်ပြတ် သေဆုံး
DVB
·
August 8, 2019
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်မှာ ပန်းရန်အလုပ်သမား ၃ ဦး ဆောက်လုပ်ဆဲ အဆောက်အဦတခုရဲ့ မြေအောက်ရေကန်ထဲ ဆင်းရာမှ အောက်ဆီဂျင်ပြတ် သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ဩဂုတ်လ ၆ ရက်နေ့ ၁၃း၃၀ အချိန် ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်းစက်မြေရပ်ကွက်က မြေကွက်မှာ ဆောက်လုပ်လျက်ရှိတဲ့ ၆ ထပ်တိုက်ရှိ အလျား ၁၀ ပေ၊ အနံ ၆ ပေ၊ အနက် ၇ ပေခန့် မြေအောက်ရေကန်အတွင်း အငယ်ကောင်(ခ)ဟိန်းထက်ဇော် (၂၆-နှစ်) ပါ ယောက်ျားလေး ၃ ဦးဟာ ငြမ်းတွေ ဖြုတ်ဖို့ ဆင်းသွားရာမှ အောက်ဆီဂျင် ပြတ်တောက်ပြီး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးသွားတာလို့ ဆိုပါတယ်။
အလောင်းတွေကို ရန်ကုန် ပြည်သူ့ဆေးရုံကြီး ပို့ဆောင်ခဲ့ပြီး ကြည့်မြင်တိုင်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၂/၂၀၁၉) နဲ့ ရေးဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ေျမေအာက္ေရကန္အတြင္း ပန္းရန္အလုပ္သမား ၃ ဦး ေအာက္ဆီဂ်င္ျပတ္ ေသဆုံး
DVB
ရန္ကုန္တိုင္း ၾကည့္ျမင္တိုင္ၿမိဳ႕နယ္မွာ ပန္းရန္အလုပ္သမား ၃ ဦး ေဆာက္လုပ္ဆဲ အေဆာက္အဦတခုရဲ႕ ေျမေအာက္ေရကန္ထဲ ဆင္းရာမွ ေအာက္ဆီၚ်င္ပျတ္ ေသဆုံးခဲ့တယ္လို႔ ျပည္ထဲေရးက ထုတ္ျပန္ပါတယ္။
ဩဂုတ္လ ၆ ရက္ေန႔ ၁၃း၃၀ အခ်ိန္ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ထီးတန္းစက္ေျမရပ္ကြက္က ေျမကြက္မွာ ေဆာက္လုပ္လ်က္ရွိတဲ့ ၆ ထပ္တိုက္ရွိ အလ်ား ၁၀ ေပ၊ အနံ ၆ ေပ၊ အနက္ ၇ ေပခန႔္ ေျမေအာက္ေရကန္အတြင္း အငယ္ေကာင္(ခ)ဟိန္းထက္ေဇာ္ (၂၆-ႏွစ္) ပါ ေယာက္်ားေလး ၃ ဦးဟာ ျငမ္းေတြ ျဖဳတ္ဖို႔ ဆင္းသြားရာမွ ေအာက္ဆီဂ်င္ ျပတ္ေတာက္ၿပီး ျပင္ပဒဏ္ရာမရွိဘဲ ေသဆုံးသြားတာလို႔ ဆိုပါတယ္။
အေလာင္းေတြကို ရန္ကုန္ ျပည္သူ႔ေဆး႐ုံႀကီး ပို႔ေဆာင္ခဲ့ၿပီး ၾကည့္ျမင္တိုင္ၿမိဳ႕မရဲစခန္း ေသမႈေသခင္း အမွတ္စဥ္ (၁၂/၂၀၁၉) နဲ႔ ေရးဖြင့္ စစ္ေဆးေနတယ္လို႔ သိရပါတယ္။