အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘန်ကောက်ရောက်ရှိ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုဟာ ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်ကို  သြဂုတ် ၁ ရက်နေ့က ရောက်လာခဲ့ပါတယ်။ မသက်ဆိုင်တဲ့ နိုင်ငံတွေအနေနဲ့  တောင်တရုတ်ပင်လယ် အငြင်းပွားမှုကို ပုံကြီးမချဲ့ကြဖို့ တရုတ်ထိပ်တန်းသံတမန် ဝမ်ယီက သတိပေးပြီး နောက်တနေ့မှာ မိုက်ပွန်ပီယိုဟာ ထိုင်းနိုင်ငံကို ရောက်လာခဲ့တာပါ။ မကြာသေးခင်က တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်တဲ့ တရုတ်ရဲ့ ခြေလှမ်းတွေကြောင့် ဒေသတွင်းနိုင်ငံတွေနဲ့ အငြင်းပွားခဲ့ပြီး အဲဒီပြဿနာကို အမေရိကန်နိုင်ငံကလည်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ပွန်ပီယိုရဲ့ မှတ်ချက်အပါအဝင် အမေရိကန်ရဲ့ ပြစ်တင်ဝေဖန်ချက်တွေဟာ မလိုမုန်းထားမှု အခြေခံနဲ့ ပြောနေတာလို့ တရုတ်က အရင်အပတ်က တုံ့ပြန်ပြောဆိုပါတယ်။ မိုက်ပွန်ပီယိုဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဝမ်ယီနဲ့ ဒီနေ့နှောင်းပိုင်းမှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ဇူလိုင် ၃၀ ရက်နေ့ကလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ရော့်ဗ်ဟာ ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ်နဲ့ ရောက်လာခဲ့ပါသေးတယ်/ ရုရှားဝန်ကြီးရဲ့ ခရီးစဉ်အတွင်း ထိုင်း - ရုရှား နှစ်နိုင်ငံ ကုန်သွယ်ရေး၊ လုံခြုံရေးနဲ့ ကာကွယ်ရေး ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနဲ့ ကတိပြုခဲ့ပါတယ်။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ဘန္ေကာက္ေရာက္ရွိ DVB အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ ပြန္ပီယိုဟာ ထိုင္းႏိုင္ငံ ၿမိဳ႕ေတာ္ဘန္ေကာက္ကို ၾသဂုတ္ ၁ ရက္ေန႔က ေရာက္လာခဲ့ပါတယ္။ မသက္ဆိုင္တဲ့ ႏိုင္ငံေတြအေနနဲ႔ ေတာင္တ႐ုတ္ပင္လယ္ အျငင္းပြားမႈကို ပုံႀကီးမခ်ဲ႕ၾကဖို႔ တ႐ုတ္ထိပ္တန္းသံတမန္ ဝမ္ယီက သတိေပးၿပီး ေနာက္တေန႔မွာ မိုက္ပြန္ပီယိုဟာ ထိုင္းႏိုင္ငံကို ေရာက္လာခဲ့တာပါ။ မၾကာေသးခင္က ေတာင္တ႐ုတ္ပင္လယ္နဲ႔ ပတ္သက္တဲ့ တ႐ုတ္ရဲ႕ ေျခလွမ္းေတြေၾကာင့္ ေဒသတြင္းႏိုင္ငံေတြနဲ႔ အျငင္းပြားခဲ့ၿပီး အဲဒီျပႆနာကို အေမရိကန္ႏိုင္ငံကလည္း ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။ ပြန္ပီယိုရဲ႕ မွတ္ခ်က္အပါအဝင္ အေမရိကန္ရဲ႕ ျပစ္တင္ေဝဖန္ခ်က္ေတြဟာ မလိုမုန္းထားမႈ အေျခခံနဲ႔ ေျပာေနတာလို႔ တ႐ုတ္က အရင္အပတ္က တုံ႔ျပန္ေျပာဆိုပါတယ္။ မိုက္ပြန္ပီယိုဟာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးလည္းျဖစ္တဲ့ ဝမ္ယီနဲ႔ ဒီေန႔ေႏွာင္းပိုင္းမွာ ေတြ႕ဆုံဖို႔ စီစဥ္ထားပါတယ္။ ဇူလိုင္ ၃၀ ရက္ေန႔ကလည္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာဂ်ီ လက္ေရာ့္ဗ္ဟာ ထိုင္းႏိုင္ငံကို တရားဝင္ ခရီးစဥ္နဲ႔ ေရာက္လာခဲ့ပါေသးတယ္ ႐ုရွားဝန္ႀကီးရဲ႕ ခရီးစဥ္အတြင္း ထိုင္း - ႐ုရွား ႏွစ္ႏိုင္ငံ ကုန္သြယ္ေရး၊ လုံၿခဳံေရးနဲ႔ ကာကြယ္ေရး က႑ေတြမွာ ပူးေပါင္းေဆာင္႐ြက္ဖို႔ ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ ခ်န္အိုခ်ာနဲ႔ ကတိျပဳခဲ့ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up