ပရီးမီးယားလိဂ်သမိုင်းတလျှောက် အသက်အငယ်ဆုံး ကစားသမားကို လီဗာပူး ခေါ်ယူ

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် အသက်အငယ်ဆုံး ကစားသမား ဖြစ်တဲ့ ဟာဗေးအဲလီရော့ကို ခေါ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၁၆ နှစ်နဲ့ ရက် ၃၀ သာရှိသေးတဲ့ အဲလီရောတ့်ဟာ ပြီးခဲ့တဲ့မေလက ဝုဗ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပထမဆုံးလူစားဝင် ကစားသမားအဖြစ်နဲ့ ပွဲထွက်ခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ အခုရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားနှစ်ဦးသာ ခေါ်ယူ ထားပြီး အသက် ၁၇ နှစ်အရွယ် နယ်သာလန် နောက်ခံလူ ဆက်ပ်ဗန်ဒန်ဘာဂ့်နဲ့ အခုနောက်ဆုံးခေါ်ယူခဲ့တဲ့ အဲလီရောတ့်ပဲ ဖြစ်ပါတယ်။ အဲလီရောတ့်က သူ့အနေနဲ့ လီဗာပူးအသင်းကို ရောက်ရှိခဲ့လို့ အလွန်ပျော်ရွှင်မိကြောင်းနဲ့ ကလေးဘဝ စိတ်ကူးယဉ်အိမ်မက် အမှန်တကယ် ဖြစ်ပေါ်လာခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် လီဗာပူးအသင်းဟာသူ့ရဲ့ အရည်အသွေးပိုင်းဆိုင်ရာ တိုးတက်လာဖို့အပြင် ရင့်ကျက်လာအောင် လေ့ကျင့်ပေးနိုင်တဲ့ အကောင်းဆုံး နေရာတခုလို့ အင်္ဂလန်သားလေးက ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up