အိန္ဒိယတွင် ရေနစ်မြုစ်မှုကြောင့် ရထားထဲ သောင်တင်နေသည့် ခရီးသည် ၇ဝဝ ခန့်ကို ကယ်တင်

အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းက မြို့စွန်မှာ ရေကြီးတာကြောင့် သောင်တင်နေတဲ့ ရထားတစီးပေါ်က ခရီးသည် အယောက် ၇ဝဝ လောက်ကို ကယ်ထုတ်ခဲ့ရတယ်လို့ မီးရထားဌာနအရာရှိ တယောက်က ဇူလိုင် ၂၇ ရက်မှာ ပြောပါတယ်။ ဘဒ္ဒလာပူရ် ဒေသထဲမှာ ရထားလမ်းပေါ် ရေကျော်နေပြီး ရထားပါ တစိတ်တပိုင်း ရေမြုပ်နေလို့ မဟာလက်စ်မီ အမြန်ရထားဟာ ဇူလိုင် ၂၆ ရက်တည်းက သောင်တင်နေခဲ့တာပါ။ ခရီးသည်အားလုံးကို ကယ်ထုတ်ခဲ့ပြီးပြီလို့ ဗဟိုရထားဌာန လူထုဆက်ဆံရေးရုံး အရာရှိတယောက်က ပြောပါတယ်။ ကယ်ဆယ်ရေးအတွက် ကူညီဖို့ အိန္ဒိယကြည်းရေလေ ကပ်ဘေး တုံ့ပြန်ရေးတပ်က အရာရှိတွေလည်း စာရင်းပေးထားပါတယ်။ မွမ်းဘိုင်းမှာ လမ်းတွေ ရေကျော်နေလို့ ယာဉ်ကြောပိတ်ဆို့နေပြီး ရထားနဲ့လေကြောင်း ခရီးစဉ်တွေပါ နှောင့်နှေးနေတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up