အာဆင်နယ်ထက် လက်ဦးမှုယူပြီး ဇာဟာကိုခေါ်ရန် အဲဗာတန် ပြင်ဆင်

အဲဗာတန်အသင်းဟာ အာဆင်နယ်ထက် လက်ဦးမှုရယူပြီး တောင်ပံတိုက်စစ်မှူး ဇာဟာကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အာဆင်နယ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ် တောင်ပံကစားသမား ဇာဟာကို ခေါ်ယူဖို့ ပေါင်သန်း ၄၀ နဲ့ တရားဝင် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတာပါ။ အာဆင်နယ်အသင်းအနေနဲ့ ဇာဟာအတွက် နောက်ထပ်ကမ်းလှမ်းမှုတခု ပြုလုပ်ခဲ့ပေမယ့်လည်း အဆင်မပြေ ဖြစ်နေပါတယ်။ အဲဒီအခြေအနေကို အဲဗာတန်အသင်းက စောင့်ကြည့်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ပေါင် ၅၅ သန်းနဲ့ ဇာဟာကိုခေါ်ယူနိုင်ရေး ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ခရစ္စတယ်ပဲလေ့စ် အသင်းဘက်ကတော့ ဇာဟာအတွက် ပေါင်သန်း ၈၀ လောက်နဲ့ ကမ်းလှမ်းမှ လက်ခံစဉ်းစားဖို့ ရှိနေတာပါ။ အဲဗာတန်အသင်းဟာ ၂၀၁၇ ခုနှစ်က ကွင်းလယ်လူ ဆီဂတ်ဆန်ကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူခဲ့တာက တန်းဖိုးအမြင့်ဆုံး ခေါ်ယူမှုဖြစ်ပြီး ဇာဟာအတွက် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up