ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 24, 2019
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ တတန်ကို ၈၀၄၅၀၀ ပေါက်ဈေးရှိပြီး ၁၄၅၀၀ ကျပ် ဈေးတက်လာပါတယ်။
စားတော်ပဲလုံး
စားတော်ပဲလုံးက တပိဿာကို ၁၃၈၀ ကနေ ၁၄၃၅ ပေါက်ဈေးရှိပြီး ၁၅ ကျပ် ဈေးတက်လာပါတယ်။
ထောပတ်ပဲ
ထောပတ်ပဲ တပိဿာကို ၁၆၅၀ ကနေ ၁၉၁၅ အထိ ပေါက်ဈေးရှိပြီး ၈၅ ကျပ် ဈေးတက်လာပါတယ်။
ပဲစင်းငုံနီ
အောင်လံကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ တတင်းကို ၃၂၅၀၀ ပေါက်ဈေးရှိပါတယ်။
ကုလားပဲ (ဟော်လန်)
အောင်လံကုန်စည်ဒိုင်မှာ ကုလားပဲ (ဟော်လန်) တတင်းကို ၂၈၀၀၀ ပေါက်ဈေးရှိပါတယ်။
မြေပဲလုံးဆံနီ
မြေပဲလုံးဆံနီ တပိဿာကို ၃၈၀၀ ပေါက်ဈေးရှိပါတယ်။
နှမ်းနက်စမုံ
နှမ်းနက်စမုံ တအိတ်ကို ၂၅၀၀၀၀ ကနေ ၂၆၅၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။
နှမ်းဖြူ
နှမ်းဖြူတအိတ်ကို ၁၆၅၀၀၀ ပေါက်ဈေးရှိပါတယ်။
ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
သတင်း – AMIA