ကမ္ဘာ့တန်ဖိုးအရှိဆုံး အားကစားအသင်း စာရင်းတွင် မန်ယူ အဆင့် ၆ အထိကျဆင်း

ကမ္ဘာ့တန်ဖိုးအရှိဆုံး အားကစားအသင်းစာရင်းမှာမှာ မန်ယူအသင်းက အဆင့် ၆ အထိ ကျဆင်းသွားပါတယ်။ ကမ္ဘာ့တန်ဖိုးအရှိဆုံး အားကစားအသင်းစာရင်းကို ဖို့ဘ်စ် (Forbes) မဂ္ဂဇင်းက ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က အဆင့် ၂ နေရာမှာ ရပ်တည်ခဲ့တဲ့ မန်ယူအသင်းက အဆင့် ၆ နေရာအထိ ကျဆင်းသွားတာပါ။ ကမ္ဘာ့တန်ဖိုးအရှိဆုံးအသင်းအဖြစ် အမေရိကန်ဖွတ်ဘောအသင်း ဒါးလက်စ်ကောင်းဘွိုင်စ် အသင်းက ပေါင် ၄ ဘီလီယံနဲ့ ရပ်တည်ခဲ့ပါတယ်။ ဒုတိယနေရာမှာ ပေါင် ၃ ဒသမ ၇ ဘီလီယံနဲ့ အမေရိကန် ဘေ့စ်ဘောအသင်း နယူးယော့ခ် ရန်းကီးစ်အသင်းက ရပ်တည်ခဲ့ပါတယ်။ တတိယနေရာမှာတော့ စပိန်ဘောလုံးကလပ် ရီးရဲလ်မက်ဒရစ်အသင်းက ပေါင် ၃ ဒသမ ၄ ဘီလီယံနဲ့ ရပ်တည်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ကတော့ ပေါင် ၃ ဒသမ ၀၇ ဘီလီယံနဲ့ အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ တန်ဖိုးအရှိဆုံး အားကစားအသင်း သတ်မှတ်ရာမှာ ကွင်းတွင်းစွမ်းဆောင်မှုအပြင်၊ စပွန်ဆာစာချုပ်၊ မီဒီယာနဲ့ ရုပ်သံထုတ်လွှင့်ခွင့် စတဲ့ ဝင်ငွေရလမ်း အများအပြားကို ထည့်သွင်းတွက်ချက်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up