မြန်မာယူ-၁၅ နည်းပြချုပ်အဖြစ် ဂျာမန်နည်းပြ တော်စတန်ဖရန့်ခ်ကို ခန့်အပ်

မြန်မာ့လက်ရွေးစင် ယူ-၁၅ အသင်းရဲ့ နည်းပြချုပ်အဖြစ် ဂျာမနီနည်းပြ တော်စတန် ဖရန့်ခ် (Torsten Frank) ကို ၂ နှစ်စာချုပ်နဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ခန့်အပ်လိုက်ပါတယ်။ အသက် ၅၈ နှစ်အရွယ် ဂျာမန်နည်းပြ တော်စတန်ဟာ နည်းပြချုပ်အဖြစ် ဘူတန် လက်ရွေးစင် အသင်းကို ကိုင်တွယ်ခဲ့ဖူးသလို လူငယ်အသင်းနည်းပြအဖြစ် ဂျာမနီ၊ နီပေါ၊ ယီမင် နိုင်ငံတွေမှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ ဘောလုံးအဖွဲ့ချုပ်က ဇူလိုင် ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မြန်မာယူ- ၁၅ အသင်းရဲ့ နည်းပြချုပ်ဟောင်း ဖြစ်သူ ဂျပန်နည်းပြ ကိုဂါ ဟာ လက်ထောက် နည်းပြအဖြစ် ဆက်လက် တာဝန်ယူသွားမယ်လို့ ဆိုပါတယ်။ နည်းပြချုပ်အသစ် ကိုင်တွယ်မယ့် မြန်မာ့လက်ရွေးစင် ယူ-၁၅ အသင်းဟာ အခုနှစ်အတွင်း အာဆီယံနဲ့ အာရှအဆင့်ပြိုင်ပွဲတွေကို ၀င်ရောက်ယှဉ်ပြိုင်မှာပါ။ အနီးစပ်ဆုံး ပြိုင်ပွဲအဖြစ် လာမယ့် ဇူလိုင် ၂၇ ရက်ကနေ သြဂုတ် ၉ ရက်အထိ ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့မှာ ကျင်းပမယ့် AFF U-15 Boys Championship 2019 ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ မြန်မာအသင်းက အုပ်စု(က) မှာ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အရှေ့တီမော၊ စင်ကာပူ၊ ဖိလစ်ပိုင် အသင်းတွေနဲ့ တအုပ်စုတည်း ကျရောကဗနပြီး အုပ်စု ခ မှာ အိမ်ရှင် ထိုင်း၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းနဲ့ သြစတြေးလျ အသင်းတို့ ပါဝင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up