စပါးနောက်ခံလူ ထရစ်ပီယာကို အက်သလက်တီကိုမက်ဒရစ် ခေါ်ယူ

စပါးနောက်ခံလူ ထရစ်ပီယာကို စပိန်လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ် အသင်းက အပြီးသတ် ခေါ်ယူလိုက်နိုင်ပြီ ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၂၀ တန်ဖိုးရှိလိမ့်မယ်လို့ ဗြိတိသျှမီဒီယာတွေက ခန့်မှန်းပါတယ်။ အက်သလက်တီကိုမက်ဒရစ်က ဒီနှစ် နွေရာသီမှာ တတိယမြောက် ခံစစ်သမားအဖြစ် အင်္ဂလန်နောက်ခံလူ ထရစ်ပီယာကို ခေါ်ယူလိုက်တာပါ။ အသက် ၂၈ နှစ်အရွယ် ထရစ်ပီယာဟာ ၂၀၁၅ မှာ ဘန်လေအသင်းကနေ စပါးကို ရောက်ရှိလာတာပါ။ သူဟာ စပါးအသင်းကို ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်အောင် ကူညီနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up