အင်ဒိုနီးရှားတွင် သိမ်းဆည်းမိသည့် အမှိုက်တန်ချိန် ၂၀၀ ကျော်ကို သြစတြေးလျပြန်ပို့ရန် စီစဉ်

အင်ဒိုနီးရှားနိုင်ငံ ဆူရာဘယာမြို့ ဆိပ်ကမ်းမှာ သိမ်းဆည်းရမိတဲ့ အမှိုက်တန်ချိန် ၂၁၀ ကို သြစတြေးလျနိုင်ငံဆီ ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ အင်ဒိုနီးရှားအစိုးရက ဇူလိုင် ၉ ရက်နေ့မှာ ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဆူရာဘယာမြို့ ဆိပ်ကမ်းမှာ ပလတ်စတစ်နဲ့ အီလက်ထရောနစ် အမှိုက်တွေ ပါတဲ့ အမှိုက်ကုန်သေတ္တာ ရှစ်လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ အရှေ့ဂျာဗားပြည်နယ် အကောက်ခွန်ဌာနက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အမှိုက်ကုန်သေတ္တာတွေ ဆိပ်ကမ်းရောက်လာတဲ့ကိစ္စမှာ ကုမ္ပဏီသုံးခု ပါဝင်ပတ်သက်နေပြီး စုံစမ်းစစ်ဆေးမှု လုပ်ပြီးရင် အမှိုက်တွေကို သြစတြေးလျ ပြန်ပို့ဖို့ အဲဒီကုမ္ပဏီသုံးခုက တာဝန်ယူရမယ်လို့ ဆိပ်ကမ်းအကောက်ခွန် အကြီးအကဲက ပြောပါတယ်။ ဒါဟာ တလနီးပါး ကာလအတွင်း အင်ဒိုနီးရှားက အမှိုက်တွေကို မူလနိုင်ငံပြန်ပို့မယ့် ဒုတိယအကြိမ်မြောက် ဖြစ်ရပ်ပါ။ ပြီးခဲ့တဲ့လက အင်ဒိုနီးရှားအစိုးရဟာ ကနေဒါနိုင်ငံက ရောက်လာတဲ့ စက္ကူအမှိုက်တွေကိုလည်း ပြန်ပို့ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ပြည်ပနိုင်ငံတွေက အမှိုက်တင်သွင်းတာ တားမြစ်လိုက်တဲ့အပြင်  အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင် စတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေကလည်း အနောက်နိုင်ငံတွေက အမှိုက်တွေ ပြန်ပို့နေကြတာကြောင့် တနှစ်ကို အလေးချိန် တန်ချိန်သန်းချီ ထွက်တဲ့ တကမ္ဘာလုံးက အမှိုက်စီးဆင်းမှုလမ်းကြောင်း အကျပ်အတည်း ဖြစ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up