ကနေဒါ မိုတယ်တခုတွင် ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ယိုစိမ့်၊ လူ ၄၆ ဦး ဆေးရုံတင်ပို့

ကနေဒါနိုင်ငံ မန်နီတိုဘာပြည်နယ် ဝင်နီပတ်မြို့က မိုတယ်တခုမှာ ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ ယိုစိမ့်တာကြောင့် လူ ၄၆ ယောက်ကို ဆေးရုံပို့ခဲ့ရပြီး အဲဒီထဲက ၁၅ ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ ဝင်နီပတ်မြို့ အာဏာပိုင်တွေက ဇူလိုင် ၉ ရက်နေ့မှာ ပြောပါတယ်။ ဓာတ်ငွေ့ယိုစိမ့်တာကြောင့် Super 8 မိုတယ်မှာ တည်းခိုနေတဲ့ ဧည့်သည်တွေနဲ့ ဝန်ထမ်းတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။ ဝင်နီပတ်မြို့ မီးသတ်နဲ့ ဆေးဘက်အကူဌာန အကြီးအကဲက အခင်းဖြစ်တဲ့မိုတယ်ကို ကယ်ဆယ်ရေးအဖွဲ့ဝင် အယောက် ၃၀ စေလွှတ်ခဲ့တယ်လို့ ပြောပါတယ်။ မန်နီတိုဘာ ဟိုင်ဒရိုဓာတ်ငွေ့ကုမ္ပဏီက အဲဒီမိုတယ်ကို ပို့လွှတ်ပေးတဲ့ ဓာတ်ငွေ့လိုင်းကို ပိတ်ချလိုက်ပြီး အဆောက်အဦတခုလုံး လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးခဲ့တယ်လို့ ကုမ္ပဏီရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာတော့ ဓာတ်ငွေ့ယိုစိမ့်တဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up