Home
မြန်မာသတင်း
Wisdom Hill မူကြိုကျောင်းသူအမှု အမှုမှန်ပေါ်ပေါက်ရေး အင်းစိန်တွင် ဆန္ဒပြ
ဇေယျာချမ်းအေး
·
July 6, 2019
နေပြည်တော် Wisdom Hill မူကြိုမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ မိန်းကလေးငယ်အတွက် လူအင်အားတထောင်ကျော် ပါဝင်တဲ့ ဆန္ဒ္ဒထုတ်ဖော်ပွဲကို ဇူလိုင် ၆ ရက်နေ့ မနက်ပိုင်းက အင်းစိန်မြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ စော်ဘွားကြီးကုန်းကျောက်တော်ကြီးဘုရားကနေ အင်းစိန် CID ရုံးရှေ့အထိ လမ်းလျှောက်ခဲ့ကြတာပါ။ “ဗစ်တိုးရီးယားအမှု အမှန်အတိုင်းပေါ်ပေါက်ရေး၊ နောက်ထပ် ဗစ်တိုးရီးယားတွေ ထပ်မပေါ်ပေါက်ရေး” စတဲ့ကြွေးကြော်သံတွေကို ဆန္ဒပြသူတွေက ဟစ်ကြွေးခဲ့ကြပါတယ်။ နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂိလက မူကြိုကျောင်းမှာ မေ ၁၇ ရက်နေ့ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တယောက် မဖွယ်မရာပြုကျင့်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီး ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ပုဒ်မ-၃၇၆ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားတဲ့အကြောင်း ဒက္ခိဏခရိုင် တရားရုံး၊ ဒုတိယတရားသူကြီး ဦးညိုဌေးက အတည်ပြု ပြောကြားထားပါတယ်။ ဆန္ဒပြသူတွေဟာ ရဲတပ်ဖွဲ့ရဲ့ ယူဆချက်ကို မကျေနပ်တဲ့အတွက် ဆန္ဒပြတာလည်းဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024