လစ်ဗျားတွင် ရွှေ့ပြောင်းသူများထိန်းသိမ်းရေးစခန်း တိုက်ခိုက်ခံရ၊ လူ ၄၀ ထက်မနည်း  သေဆုံး

အာဖရိကရွှေ့ပြောင်းလာသူအများစုကို ထိန်းသိမ်းထားတဲ့ လစ်ဗျားမြို့တော် ဆင်ခြေဖုံးက ထိန်းသိမ်းရေးစခန်းဟာ ဇူလိုင် ၃ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရတဲ့အတွက် လူ ၄၀ ထက်မနည်း သေဆုံးပြီး ၈၀ ဒဏ်ရာရတယ်လို့ ကျန်းမာရေး ၀န်ထမ်းတဦးက ပြောပါတယ်။  ဒါဟာ တပ်မှူး ခါလီဖာ ဟက်ဖ်တာ အပေါ် သစ္စာခံတဲ့ လစ်ဗျားအရှေ့ပိုင်းတပ်တွေ  မြို့တော် ထရီပိုလီကို ထိုးစစ်ဆင်ကတည်းက လူသိရှင်ကြား ထုတ်ပြန်တဲ့ အသေအပျောက်အများဆုံး လေကြောင်းတိုက်ခိုက်မှု ဖြစ်ပါတယ်။  ဒီပဋိပက္ခဟာ အာဏာရှင် ကဒါဖီ ပြုတ်ကျပြီး နောက်ပိုင်း လစ်ဗျားနိုင်ငံမှာ  ဖြစ်ပေါ်နေတဲ့ ကသောင်းကနင်း အခြေအနေတွေထဲက တခုပါ။  လစ်ဗျားဟာ ဆင်းရဲမှုနဲ့ စစ်ဒဏ်ကြောင့် အာဖရိကကနေ ထွက်ပြေးသူတွေအတွက် အဓိက ထွက်ခွါရာနေရာ ဖြစ်ပေမယ့် အတော်များများဟာ လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့ ထိန်းသိမ်းတာ ခံကြရပါတယ်။  အဲဒီလို ထောင်ချီတဲ့ ရွှေ့ပြောင်းသူတွေကို လစ်ဗျားအနောက်ပိုင်းက အစိုးရ အုပ်ချုပ်တဲ့ စခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up