ရွှေ့ပြောင်းလာသူတဦး ပစ်သတ်ခံရသဖြင့် အစ္စရေးတွင် လူထောင်ချီ ဆန္ဒပြ

ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် ရွှေ့ပြောင်းလာသူ တယောက် သေဆုံးပြီးနောက်မှာ ဇူလိုင် ၂ ရက်နေ့က ထောင်ချီတဲ့ အီသီယိုပီးယားအနွယ် အစ္စရေးတွေနဲ့ သူတို့ကို ထောက်ခံသူတွေက အစ္စရေးနိုင်ငံ တဲအဗစ်မြို့ရဲ့ အဓိကလမ်းဆုံလမ်းခွတွေမှာ ဆန္ဒပြခဲ့ကြပါတယ်။  အဲဒီနောက် ကားတစီး မီးရှို့ခံရတဲ့နေရာမှာ ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေးရဲတွေ  ပဋိပက္ခဖြစ်ပြီးနောက် ဆန္ဒပြသူအများအပြား အဖမ်းခံခဲ့ရပါတယ်။  ၁၉၈၀ အလယ်ပိုင်းနဲ့ ၁၉၉၀ အစောပိုင်းမှာ အီသီယိုးပီးယားအနွယ် ဂျူး ၂၀,၀၀၀ ၀န်းကျင်ကို လျှိ့ဝှက်လေယာဉ်တွေနဲ့ အစ္စရေးကို ခေါ်လာခဲ့တာပါ။  ဒါပေမဲ့ သူတို့ဟာ တခါတရံမှာ လူမျိုးရေး ခွဲခြားခံရတယ်ဆိုပြိး စောဒက တက်ကြပါတယ်။  ဇွန် ၃၀ ရက်နေ့ကတော့ ဟေဖာမြို့မြောက်ဘက်မှာ ရဲဝန်ထမ်းတယောက်က အသက် ၁၈ နှစ်အရွယ် အီသီယိုပီးယားအနွယ် တယောက်ကို ပစ်သတ်ခဲ့ပါတယ်။  ရန်ဖြစ်နေတဲ့ လူငယ်အုပ်စုနှစ်စုကို ဖျန်ဖြေရာကနေ အဲဒီလူငယ်ကို သေနတ်နဲ့ ပစ်မိတယ်လို့ ရဲဝန်ထမ်းက ပြောပါတယ်။ သေနတ်ပစ်ခဲ့တဲ့ ရဲဝန်ထမ်းကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up