ဘရာဇီးက အာဂျင်တီးနားကို အနိုင်ယူပြီး ကိုပါအမေရိကဖလား ဗိုလ်လုပွဲတက် (ရုပ်သံ)

ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဒီနေ့မနက် ယှဉ်ပြိုင်ကစားရာမှာ ဘရာဇီးအသင်းက အာဂျင်တီးနားကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။ ဘရာဇီးအသင်းဟာ ကွာတားဖိုင်နယ်မှာ ပါရာဂွေးအသင်း၊ အာဂျင်တီးနားကတော့ ဗင်နီဇွဲလားအသင်းတို့ကို အသီးသီးအနိုင်ရပြီး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ကြတာပါ။ ဒီနေ့ယှဉ်ပြိုင်တဲ့ပွဲမှာ နှစ်သင်းလုံး ဘောလုံးပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်းစီ ကစားနိုင်ခဲ့ပြီး အာဂျင်တီးနားက ဂိုးပေါက်ကန်သွင်းခွင့်မှာ ပိုမို အခွင့်အရေးရှိခဲ့ပါတယ်။ ဘရာဇီးအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပထမပိုင်း ၁၉ မိနစ်မှာ ဂျီးဆပ်နဲ့ ဒုတိယပိုင်း ၇၁ မိနစ်မှာ ဖာမီနိုက သွင်းယူခဲ့တာပါ။ ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်အဖြစ် လက်ရှိချန်ပီ ချီလီအသင်းနဲ့ ပီရူးအသင်းတို့ရဲ့ ပွဲစဉ်ကိုတော့ ဇူလိုင် ၄ ရက်နေ့ မနက် ၇ နာရီ ယှဉ်ပြိုင်ကစားရမှာပါ။ ချီလီအသင်းဟာ ကွာတားဖိုင်နယ်မှာ ကိုလံဘီယာအသင်း၊ ပီရူးအသင်းကတော့ ဥရုဂွေးအသင်းကို အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ကြတာပါ။ ကိုပါအမေရိကဖလား တတိယလုပွဲကို ဇူလိုင် ၇ ရက်နေ့၊ နောက်ဆုံး ဗိုလ်လုပွဲကိုတော့  ဇူလိုင် ၈ ရက်နေ့ ယှဉ်ပြိုင်ကစားမှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up