Home
မြန်မာသတင်း
မိတ္ထီလာတွင် တပ်မတော်သား ၃ ဦးထံမှ စိတ်ကြွဆေးများတွေ့ရှိ၍ ရဲစခန်းတွင် အမှုဖွင့်
DVB
·
June 22, 2019
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်ရှိ အမှတ် ၁ ရှေ့တန်းအခြေချ ထောက်ပံ့ရေး နဲ့ ပို့ဆောင်ရေးတပ်မှ တပ်သား ၃ ဦးထံမှ စိတ်ကြွဆေးပြားတွေ တွေ့ရတာကြောင့် ဗိုလ်ကြီးတဦးက ရဲစခန်းမှာ အမှုလာဖွင့်တယ်လို့ မိတ္ထီလာအမှတ် ၂ ရဲစခန်းက ဇွန်လ ၂၂ ရက်နေ့မှာ ပြောပါတယ်။ မိတ္ထီလာအမှတ် ၂ ရဲစခန်း ဒုရဲအုပ်သိပ္ပံက "ဟုတ်ပါတယ်။ ရဲစခန်းမှာ အမှုလာဖွင့်ပါတယ်။ တပ်မတော်က ဗိုလ်ကြီးတဦးကပဲ တရားလိုလုပ်ပါတယ်။ စစ်ဆေးတာကတော့ တပ်မတော်ခုံရုံးမှာပဲ စစ်ဆေးမှာပါ" လို့ ပြောပါတယ်။ မိတ္ထှီလာမြို့အမှတ် ၁ ရှေ့တန်းအခြေချ ထောက်ပံ့ရေး နဲ့ ပို့ဆောင်ရေးတပ်က တပ်သားကျော်နန္ဒ၊ တပ်သားကျော်မင်းထွေးနဲ့ တပ်သားကောင်းထက်အောင်တို့ ၃ ဦးထံမှ စိတ်ကြွဆေးပြား ၉၅၀ ပြားကို တပ်ရေးဗိုလ်ကြီးနဲ့အဖွဲ့က ရှာဖွေတွေ့ရှိတာကြောင့် တပ်သား ၃ ဦးအား ၂၀၁၉ ခုနှစ် ဧပြီလ ၁၄ရက်က ဖမ်းဆီးခဲ့ပါတယ်။ ဇွန်လ ၂၂ ရက်နေ့မှာ မိတ္ထီလာ အမှတ် ၂ ရဲစခန်းမှာ အမှုအမှတ် မယ(ပ)၁၉/၂၀၁၉ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသည့်ပုဒ်မ ရောင်းချရန်လက်ဝယ်ထားရှိမှု/ပူးပေါင်းကြံစည်မှု ၁၉(က)/၂၁ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024