Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗီယက်နမ် ဒုဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး
DVB
·
June 18, 2019
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဗီယက်နမ်နိုင်ငံ ဒုဝန်ကြီးချုပ် မစ္စတာ ဗောင်ဒန်ဟီရူ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က နေပြည်တော်ရှိ သမ္မတအိမ်တော် ဧည့်ခန်းမဆောင်မှာ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံရာမှာ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေးကိစ္စ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးကိစ္စ၊ နှစ်နိုင်ငံခေါင်းဆောင်တွေအကြား အပြန် အလှန်လည်ပတ်မှု တိုးမြှင့်ရေးကိစ္စ၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်တံတိုးမြှင့်ရေး စတာတွေ ဆွေးနွေးခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနဲ့ ဦးကျော်တင်၊ ဒုဝန်ကြီး ဦးလှကျော်၊ ဦးသာဦး၊ ဦးအောင်ထူးနဲ့  နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိကြီးတွေ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး မဒမ်လူသွေယောင်းနဲ့ ဗီယက်နမ်နိုင်ငံက ကိုယ်စားလှယ် အဖွဲ့ဝင်တွေ တက်ရောက်တယ်လို့ အစိုးရသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024