ယူကရိန်းက တောင်ကိုရီးယားကို အနိုင်ယူပြီး ယူ ၂၀ ကမ္ဘာ့ဖလားဗိုလ်စွဲ

ပိုလန်နိင်ငံမှာ မနေ့က ကျင်းပတဲ့ ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ယူကရိန်းက တောင်ကိုရီးယားအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့  အနိင်ရ ဗိုလ်စွဲသွားပါတယ်။ ပွဲစလို့ ၅ မိနစ်အချိန်မှာ တောင်ကိုရီးယားအသင်းဟာ ပင်နယ်တီရရှိခဲ့ပြီး လီခန်အင်က သွင်းယူပြီး ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ယူကရိန်းအသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးကို  ပထမပိုင်း ၃၄ မိနစ်မှာ ၁ ဂိုးနဲ့ ၅၂ မိနစ်မှာ ၁ ဂိုး ဗလာဒီစလပ်ဗ်က သွင်းယူယူပါတယ်။ ဒုတိယပိုင်းမှာ တောင်ကိုရီးယား အသင်းက ခြေပဂိုးရဖို့ ဖိကစားခဲ့ပေမယ့် ပွဲပြီးခါနီး ၈၉  မိနစ်မှာ ဂျီအော်ဂျီက ယူကရိန်းအသင်းတွက် တတိယမြောက် အနိုင်ဂိုးသွင်းယူပြီး ယူ ၂၀ ကမ္ဘာဖလားကို ရယူသွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up