အီဘိုလာရောဂါဖြင့် လူသေဆုံးပြီးနောက် ယူဂန်ဒါ-ကွန်ဂို နယ်စပ်တွင် ရောဂါရှာဖွေစက်ဖြင့် စစ်ဆေး

ယူဂန်ဒါနိုင်ငံမှာ အခုအပတ် အစောပိုင်းက ကွန်ဂိုနိုင်ငံဘက်က ရောက်လာသူနှစ်ယောက် အီဘိုလာရောဂါနဲ့ သေဆုံးခဲ့ပြီးနောက် ဇွန်လ ၁၃ ရက်နေ့မှာတော့ ယူဂန်ဒါ အာဏာပိုင်တွေဟာ ကွန်ဂိုနိုင်ငံနဲ့ နယ်စပ်မှာ ရောဂါရှာဖွေရေးစက်တွေနဲ့ စစ်ဆေးနေပါတယ်။ ကွန်ဂိုနိုင်ငံမှာ အီဘိုလာရောဂါ စတင်ဖြစ်ပွားတဲ့ ၂၀၁၈ သြဂုတ်လကတည်းက ဒါဟာ ရောဂါပိုး နယ်စပ်ဖြတ်ကျော် ကူးစက်လာတဲ့ ပထမဆုံးဖြစ်စဉ်ပါ။ အီဘိုလာရောဂါကြောင့် ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းမှာ သေဆုံးသူ ၁၃၉၀ အထိ ရှိလာပါပြီ။ ယူဂန်ဒါ ကျန်းမာရေး တာဝန်ရှိသူတွေဟာ နယ်စပ်မှာ ကွန်ဂိုဘက်က ဝင်လာသူတွေကို ရောဂါရှာဖွေရေးစက်တွေနဲ့ စစ်ဆေးနေပြီး သံသယရှိဖွယ် ရောဂါလက္ခဏာ တွေ့ရသူတွေကို သီးသန့် ထပ်မံစစ်ဆေးတာတွေ လုပ်ပါတယ်။ အီဘိုလာရောဂါ လက္ခဏာတွေဟာ အပြင်းဖျားတာ၊ အော့အန်တာ၊ ဝမ်းလျှောတာနဲ့ သွေးထွက်များတာဖြစ်ပြီး ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေကတဆင့် ရောဂါပိုး ကူးစက်နိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယူဂန်ဒါနိုင်ငံကို အီဘိုလာရောဂါ ကာကွယ်ဆေး လေးထောင်ကျော် ထပ်တိုးချပေးထားပြီး ဇွန်လ ၁၄ ရက်နေ့မှာ ကာကွယ်ဆေး စတင်ထိုးနှံမယ်လို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up