G20 ဘဏ္ဍာရေးဝန်ကြီးများ ကုန်သွယ်ရေးတင်းမာမှု အာရုံစိုက်ဆွေးနွေး

ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ထိပ်သီး စီးပွားရေးနိုင်ငံ ၂၀ ညီလာခံ G20 မှာ ဘဏ္ဍာရေးဝန်ကြီးတွေဟာ ကုန်သွယ်ရေး တင်းမာမှုကို အာရုံစိုက်ပြီး ဇွန်လ ၉ ရက်က ဆွေးနွေးခဲ့ကြပါတယ်။ ကမ္ဘာ့ဖွံ့ဖြိုးမှု တိုးတက်စေရေး အနှောင့်အယှက်ဖြစ်စေမယ့် ဘေးအန္တရာယ်တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ နက်ရှိုင်းလာတာကို ဖြေရှင်းဖို့ ဆော်သြတာကိုတော့ ရပ်လိုက်ကြပါတယ်။ ကော်ပိုရိတ်ခွန် လျှော့ချရေး၊ ဖေ့စ်ဘွတ်ခ်နဲ့ ဂူဂဲလ်လို ကမ္ဘာလုံးဆိုင်ရာ နည်းပညာ ကုမ္ပဏီတွေက သုံးနေတဲ့ ဟာကွက်တွေကို ပိတ်ဖို့ ၂၀၂၀ မှာ ဘုံစည်းမျဉ်းကျင့်သုံးရေး G20 ဘဏ္ဍာရေး ခေါင်းဆောင်တွေကြား သဘောတူခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဂျပန်နိုင်ငံတောင်ပိုင်းမှာ ကျင်းပတဲ့ ညီလာခံအတွင်း G20 ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌတွေ အကြိတ်အနယ် ညှိနှိုင်းအပြီးမှာ စည်းမျဉ်းအခြေပြု အားလုံးပါဝင်တဲ့ ကုန်သွယ်ရေးစနစ်ကို ထောက်ခံကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up