5G ကွန်ရက်အပါအ၀င် ဆန်းသစ်နည်းပညာ မျှဝေရန် အသင့်ရှိဟု တရုတ်သမ္မတပြော

5G ကွန်ရက်အပါအ၀င် အဆန်းသစ်ဆုံး နည်းပညာတွေကို တခြားနိုင်ငံတွေနဲ့ ဝေမျှဖို့ တရုတ်ဟာ အဆင်သင့်ရှိတယ်လို့ သမ္မတ ရှီကျင့်ဖျင်က ဇွန်လ ၇ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ ပြုလုပ်တဲ့ စီးပွားရေးဖိုရမ်အတွင်း တရုတ်သမ္မတ ရှီက ပြောခဲ့တာပါ။ အနောက်နိုင်ငံတွေနဲ့ အမေရိကန်တို့ရဲ့ မတရားသဖြင့် ယှဉ်ပြိုင်မှုနဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒတွေကို ရုရှားသမ္မတပူတင်က ဖိုရမ်မှာ ဝေဖန်ခဲ့ပါတယ်။ ဒီသီတင်းပတ်အစောပိုင်းက ရုရှားထိပ်တန်း မိုဘိုင်းအော်ပရေတာ MTS နဲ့ တရုတ် နည်းပညာကုမ္ပဏီ ဟွာဝေးတို့ဟာ ရုရှားမှာ 5G ကွန်ရက်ဖြန့်ကြက်ဖို့နဲ့ ဒီနှစ်နဲ့ ၂၀၂၀ မှာ စမ်းသပ် အသုံးပြုဖို့ သဘောတူစာချုပ် ရေးထိုးခဲ့ပါတယ်။ ရုရှားသမ္မတ ပူတင်နဲ့ တရုတ်သမ္မတ ရှီတို့ မော်စကိုမြို့မှာ တွေ့ဆုံဆွေးနွေးပြီးနောက်  အဲဒီသဘောတူစာချုပ်ကို လက်မှတ်ထိုးခဲ့တာ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up