ချဲလ်ဆီးအသင်းနည်းပြ ဆာရီ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့မည်

ချဲလ်ဆီးအသင်းနည်းပြဆာရီဟာ လာမယ့်တပတ်အတွင်း စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းကို ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။ ဆာရီဟာ ချဲလ်ဆီးအသင်းမှာ အောင်မြင်မှုမရရှိလို့ ဝေဖန်ခံခဲ့ရပေမယ့် နောက်ဆုံးမှာ ယူရိုပါလိဂ်ဖလား ရယူပေးပြီးတော့ မျက်နှာပန်းလှခဲ့တာ ဖြစ်ပါတယ်။ လက်တလောမှာတော့ အပြောင်းအရွှေ့နဲ့ပတ်သတ်လို့ တရားဝင် ထုတ်ဖော် ပြောကြားထားခြင်း မရှိသေးပေမယ့် လာမယ့်တပတ်အတွင်းမှာတော့ ကြေညာမယ်လို့ သိရပါတယ်။ ဆာရီဟာ ချဲလ်ဆီးအသင်းကို မရောက်ခင်က နာပိုလီအသင်းကို နည်းပြခဲ့ဖူးပြီးတော့ အောင်မြင်မှုတွေလည်း ရရှိခဲ့တာကြောင့် အီတလီမြေမှာ ဂျူဗင်တပ်စ်အသင်းနဲ့အတူ အောင်မြင်မှု ရရှိနိုင်လိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up