Home
မြန်မာသတင်း
၆ နှစ်ကလေးအား မုဒိမ်းကျင့်ရန်ကြံစည်သူကို အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ချမှတ်
DVB
·
June 8, 2019
ကချင်းပြည်နယ် ဖားကန့်ဒေသမှာ ၆ နှစ်အရွယ် ကလေးငယ်အား မုဒိမ်းမှုကျူးလွန်ရန် ကြံစည်မှုနဲ့ အသက် ၆၀ အရွယ် ဦးသန်းမောင်ကို ဇွန် ၇ ရက်နေ့မှာ မိုးညှင်းခရိုင်တရားရုံးက အလုပ်နဲ့ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ပါတယ်။ ဖြစ်စဉ်မှာ ဖားကန့်ဒေသ ဆိပ်မူကျေးရွာ ရပ်ကွက် ၁ မှာ နေထိုင်တဲ့ ဦးသန်းမောင်နေဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၇ ရက် ညနေက အိမ်နီးချင်းဖြစ်သူ မ--- ၆ နှစ်နဲ့ မြေးဖြစ်သူ၊ နောက်သူငယ်ချင်းအပါ ၃ ဦးဆော့ကစားနေစဉ် မုန့်ဖိုး ၁၀၀၀ စီပေးပြီး မြေးဖြစ်သူနဲ့ တခြားသူငယ်ကို မုန့်ဝယ်သွားဖို့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီနောက် ကျန်ခဲ့သူ မ- - - -အား အခန်းတွင်းခေါ်ကာ မဖွယ်မရာ ပြုလုပ်ပြီး အဓမ္မကျင့်ဖို့ ကြံစည်တာကြောင့် ကလေးက အော်ဟစ်ငိုယိုနေစဉ် မုန့်ဝယ်သွားတဲ့ ကလေးနှစ်ဦး ပြန်ရောက်လာပြီး တံခါးခေါက်ခဲ့တဲ့အတွက် ဖွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်ခံရတဲ့ကလေး မိခင်က အမှုဖွင့်ခဲ့တာဖြစ်ပြီး မိုးညှင်းခရိုင်တရားရုံးက ပြစ်မှုကျူးလွန်သူ ဦးသန်းမောင်အား ပုဒ်မ ၃၇၆ နဲ့ အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါတယ်။ သတင်း - မုန်းမုန်းမင်း ဓာတ်ပုံ - ဆိုင်းနန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024