မက္ကဆီကိုတွင် BMW ကုမ္ပဏီ ရင်းနှီးမြှုပ်နှံမည့်ကိစ္စ ပြောင်းလဲမည်မဟုတ်ဟု ပြော

မက္ကဆီကို သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့်ကောက်မယ်လို့ အမေရိကန် ခြိမ်းခြောက်ပြီးနောက်ပိုင်း BMW ကုမ္ပဏီအနေနဲ့ မက္ကဆီကိုမှာ ရင်းနှီးမြှုပ်နှံတာကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ ကုမ္ပဏီဘုတ်အဖွဲ့ဝင် တဦးက ဇွန်လ ၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။ နိုင်ငံအတော်များများက တင်သွင်းယာဉ်တွေအပေါ် သွင်းကုန်ခွန် စည်းကျပ်တာတွေ ရှိနေပေမယ့် ကုမ္ပဏီဟာ ကမ္ဘာတဝှမ်း မော်တော်ယာဉ်တွေ ရောင်းချနေတယ်လို့လည်း ထုတ်လုပ်ရေးပိုင်း ဘုတ်အဖွဲ့ဝင် အော်လီဗာဇစ်ပ်က ဆိုပါတယ်။ အော်လီဗာဇစ်ပ်ဟာ အမေရိကန်ဒေါ်လာ ၁ ဘီလျံတန် BMW မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံ ဖွင့်ပွဲအတွက် မက္ကဆီကိုမြို့ ဆန်လူးဝစ်ပိုတိုစီမြို့ကို ရောက်နေတာပါ။ ဒါပေမယ့် တခြား မော်တော်ယာဉ်ထုတ်လုပ်သူတွေကတော့ မက္ကဆီကို သွင်းကုန်တွေအပေါ် အခွန်တိုးကောက်တာက လုပ်ငန်းအပေါ် ထိခိုက်စေနိုင်တယ်ဆိုပြီး သတိပေးကြပါတယ်။ ဇွန်လ ၄ ရက်နေ့က တိုယိုတာမော်တော်ယာဉ် ထုတ်လုပ်ရေး ကော်ပိုရေးရှင်းက မက္ကဆီကို သွင်းကုန်တွေအပေါ် အခွန်တိုးကောက်မယ့် အဆိုပြုချက်ဟာ အဓိက ကုန်ရောင်းသူတွေကို အမေရိကန်ဒေါ်လာ ၁ ဘီလျံ ဆုံးရှုံးစေနိုင်တယ်လို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up