သိမ်းဆည်းလေလံကား အားလုံး အပ်ကားအဖြစ် လက်ခံ
DVB
·
November 15, 2012
အစိုးရပိုင်ကား၊ တရားမ၀င် ဖမ်းဆီးရမိ ကားတွေကို လေလံပစ်ရောင်းချပြီး မှတ်ပုံတင်ပေးထားတဲ့ ကားတွေထဲက မာဇဒါ အမျိုးအစား ကားတမျိုးထဲကို အပ်နှံကားအဖြစ် လက်ခံနေရာကနေ နိုဝင်ဘာ ၁၆ ရက်နေ့ကစပြီး ဘယ်ကားအမျိုးအစားကို မဆို ယာဉ်အို၊ ယာဉ်ဟောင်းအဖြစ် အပ်နှံနိုင်ပြီလို့ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
ကားအပ်နှံသူဟာ ၁၉၉၆ ကနေ ၂၀၀၆ အကြား ထုတ်တဲ့ ကြိုက်ရာ ကားတစီး ဒါမှမဟုတ် ၂၀၀၇ ခုနှစ် နောက်ပိုင်းထုတ်တဲ့ အင်ဂျင်ပါဝါ ၁၃၅၀ စီစီနဲ့ အောက် ကားတစီး တင်သွင်းခွင့် ပါမစ် ရရှိမှာ ဖြစ်ပါတယ်။
အဆိုပါ ကားပါမစ် ၁ စောင်ဟာ လက်ရှိ ကျပ်ငွေ သိန်း ၈၀ ကျော် ပေါက်ဈေးရှိနေပါတယ်။ အရင် လေလံပစ် ရောင်းချထားတဲ့ ကားတွေထဲမှာ အတော်လေးကို ဟောင်းနွမ်းယိုယွင်းနေတဲ့ တိုယိုတာ၊ နစ်ဆန်း နဲ့ အခြားအမျိုးအစားကားတွေ ပါဝင်တယ်လို့ ကားဝယ်ရောင်းသူတွေက ပြောပြကြပါတယ်။