အမေရိကန်နှင့် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးနှစ်ဦး တွေ့ဆုံ

အမေရိကန် ယာယီကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှန်နာဟန်ဟာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဂျောင်းကယောင်းဒူးနဲ့ ဇွန် ၃ ရက် အစည်းအဝေးမှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ မြောက်ကိုရီးယားအရေး အခြေအနေက ဆက်တင်းမာနေဆဲဖြစ်ပြီး လက်ခံနိုင်တဲ့ တခုတည်းသော အဆုံးသတ်က ကိုရီးယားကျွန်းဆွယ်မှာ ပြည့်စုံပြီး အတည်ပြုစစ်ဆေးလို့ ပြီးစီးတဲ့ နျူကလီးယား ကင်းစင်ရေးပဲလို့ ရှန်နာဟန်က ပြောပါတယ်။ မြောက်ကိုရီးယားက နိုင်ငံတကာ လူ့အဖွဲ့အစည်းရဲ့ တာဝန်ဝတ္တရားကို လိုက်နာလာတဲ့အထိ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက ဒဏ်ခတ်မှုအားလုံးကို ဆက်ကျင့်သုံးဖို့ ခိုင်ခိုင်မြဲမြဲ ကတိပြုတယ်လို့လည်း ရှန်နာဟန်က ဆက်ပြောပါတယ်။ လုံခြုံရေးအခြေအနေ ပြောင်းခဲ့ရင်တောင် တောင်ကိုရီးယားနဲ့ အမေရိကန် ပူးတွဲကာကွယ်ရေး အသင့်ဖြစ်မှုကို အရင်ထက်ပိုပြီး ခိုင်ခိုင်မြဲမြဲ ထိန်းထားမယ်၊ တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ဖြစ်မှုဟာ ပိုအားကောင်း ရင့်ကျက်လာပြီး လိုက်ဖက်တဲ့ ဆက်ဆံရေး ဖြစ်လာမယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ဖေဖော်ဝါရီလမှာ တွေ့ဆုံတဲ့ ဒုတိယမြောက် ထိပ်သီးညီလာခံဟာ ပဋိပက္ခကြောင့် သဘောတူညီချက် မရဘဲ ပျက်သွားခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား လုံးဝကင်းစင်မှ ဒဏ်ခတ်မှု ဖြေလျှော့ပေးမယ်လို့ အမေရိကန်က ပြောပြီး မြောက်ကိုရီးယားကတော့ နျူကလီးယား တစိတ်တပိုင်း ကင်းစင်ပြီးချိန်မှာ ဒဏ်ခတ်မှု ဖြေလျှော့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီနောက် မေလမှာ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တွေ အပါအဝင် ဒုံးကျည်အတော်များများ ပစ်လွှတ် စမ်းသပ်ခဲ့ပါတယ်။ ဒီဒုံးကျည်တွေဟာ တောင်ကိုရီးယားနဲ့ အမေရိကန် လေကြောင်းရန်ကာကွယ်ရေး စနစ်တွေကို ထိုးဖောက် ပစ်ခတ်နိုင်စွမ်း ရှိတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up