Home
မြန်မာသတင်း
မိုးကြိုးအန္တရာယ်ကာကွယ်နိုင်သည့် ရှောင်ရှားရန်နှင့်လိုက်နာရန် သတိပေးချက်များ
DVB
·
June 2, 2019
မြန်မာနိုင်ငံတ၀န်း မိုးကြိုးအန္တရာယ်ကာကွယ်နိုင်ဖို့ ရှောင်ရှားရန်အချက်တွေနဲ့ အလွယ်တကူလိုက်နာနိုင်တဲ့ သတိပေးချက်တွေကို မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ဇွန် ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ပြင်ပတွင် ရောက်ရှိနေပါက အောက်ပါတို့ကို ရှောင်ရှားပါ - ကုန်းမြင့် နဲ့ ကွင်းပြင်များ - ထီးတည်းတည်ရှိနသော သစ်ပင်များ။ - အကာအကွယ်မဲ့သော လေသာဆောင်များ။ - လယ်တဲ/ဇရပ် စသည့် အဆောက်အဦငယ်များ။ - မိုး/ပျော် ပွဲစား ခိုနား နေဆောင်များ။ - ဘေ့စ်ဘော နားနေကျင်းများ။ - ဆက်သွယ်ရေး တာဝါတိုင်မျာ။း - အလံတိုင်များ။ - မီးတိုင်များ - ပြင်ပအကာအကွယ်မဲ့ သစ်သား/သံဖြင့်  ပြုလုပ်ထားသာ အားကစားပွဲကြည့်စင်များ။ - သတ္ထုဖြင့်ပြု လုပ်ထားသော ခြံစည်းရိုးများ။ - အမိုးဖွင့်ကားများ။ - ဂေါက်သီး (လူ/ပစ္စည်း) စသည်တို့ သယ်ယူရန်သုံးသော စက်တပ်ယာဉ်များ။ - ရေ (ပင်လယ်၊ သမုဒ္ဒရာ၊ ရေကန်၊ ရေကူးကန်၊ မြစ်၊ ချောင်း၊ စသဖြင့်) ။ - သတ္ထုအရိုးကိုင်းများဖြင့် ပြုလုပ်ထားသောထီးများ။ အဆောက်အဦအတွင်းရောက်ရှိနေပါက အောက်ပါတို့ကိုရှောင်ရှားပါ - ကြိုးဖုန်းများ အသုံးပြုခြင်း။ - ရေချိုးခြင်း/အ၀တ်လျှော်ခြင်း။ - ရေဖြင့် လက်ဆေးခြင်း။ - ရေဖြင့်စားသောက်ပုဂံများဆေးကြောခြင်း။ (အဓိကအားဖြင့် ရေနှင့်ဆက်စပ်သောအလုပ်များ) - သတ္ထုဖြင့်ပြုလုပ်ထားသောတံခါးမကြီး၊ ပြူတင်းပေါက်ဘောင်၊ လျပ်စစ်ဝါယာ ကြိုးလိုင်း၊ တယ်လီဖုန်းလိုင်းကြိုး၊ တီဗွီလိုင်းကြိုး၊ စသဖြင့်။ - နံရံတွင် ပလပ်ထိုးအသုံးပြုရသော လျပ်စစ်အသုံးအဆောင်ပစ္စည်းများ။ - တံခါး၊ ပြူတင်းပေါက် အနီးတွင်နေထိုင်ခြင်း။ - ဆင်ဝင်/ ဖိနပ်ချွတ် အောက်တွင် နေထိုင်ခြင်း။ မှတ်ချက်။ မိုးကြိုးအန္တရာယ်နှင့်ကြုံတွေ့နေရစဉ် မော်တော်ကားကို တံခါး အလုံပိတ်၍ ကားအတွင်းနေထိုင်ခြင်းသည် မိုးကြိုးပစ်ခံရခြင်း အန္တရာယ် လေျာ့နည်းတတ်ပါတယ်။ Mobile Phone အသုံးပြုခြင်းသည်လည်း မိုးကြိုးအန္တရာယ် မဖြစ်စေတတ်ပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024