နိုင်ငံတကာတပ်ဖွဲ့များ အာဖဂန်မှ ထွက်ခွာရန် တာလီဘန်အဖွဲ့ပြော

ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့အတွက် နိုင်ငံတကာတပ်ဖွဲ့တွေ အာဖဂန်က ထွက်သွားရမယ်လို့ မော်စကိုမှာ ရောက်ရှိနေတဲ့ တာလီဘန် ကိုယ်စားလှယ်အဖွဲ့က မေလ ၂၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ၁၈ နှစ်ကြာမြင့်နေတဲ့ အာဖဂန်စစ်ပွဲ အဆုံးသတ်ရေး သံတမန်နည်းလမ်းကြိုးပမ်းမှုအဖြစ် တာလီဘန်ကိုယ်စားလှယ်အဖွဲ့ဟာ အာဖဂန် နိုင်ငံရေးသမားအဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ တာလီဘန် ညှိနှိုင်းရေး အကြီးအကဲ မူလာ ဘယ်ရေဒါ အာကန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒေသတွင်း အကြီးတန်း ခေါင်းဆောင်တွေ၊ ဒီနှစ်ရွေးကောက်ပွဲမှာ သမ္မတ ဂါနီကို စိန်ခေါ်မယ့် သမ္မတလောင်းတွေ အပါအ၀င် နိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အာဖဂန်ငြိမ်းချမ်းရေးကောင်စီ အကြီးအကဲက အာဖဂန်နစ္စတန် နိုင်ငံအတွင်း နေ့စဉ်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးနေပြီး အခုချိန်ဟာ  အဲဒီသွေး ထွက်သံယို ပဋိပက္ခကို အဆုံးသတ်ရမယ့်အချိန် ဖြစ်တယ်လို့ ပြောပါတယ်။ အာဖဂန်အတွင်းရှိနေတဲ့ အမေရိကန် နဲ့ နေတိုးညွန့်ပေါင်းတပ်ဖွဲ့ဝင် ၂၃,၀၀၀ ကျော် ရုပ်သိမ်းရေးနဲ့ ပတ်သက်လို့ တာလီဘန်အရာရှိတွေဟာ အမေရိကန် သံတမန်တွေနဲ့ ဆွေးနွေးနေတာ လချီ ကြာမြင့်နေပြီ ဖြစ်ပါတယ်။ အဲဒီလို ဆွေးနွေးနေတာက တချို့ကိစ္စရပ်တွေမှာ သဘောတူခဲ့ပေမယ့် နောက်တကြိမ် ဆွေးနွေးဖို့ ရက်မသတ်မှတ်ရသေးသလို အတားအဆီးအတော်များများ ဆက်ရှိနေတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up