Live
Home
မြန်မာသတင်း
ကော်ရှူ ကလေးငယ်များကိစ္စ အမိန့်ညွှန်ကြားချက်ထုတ် ထိန်းချုပ်သင့်
DVB
·
June 1, 2019
ကော်ရှူတဲ့ ကလေးငယ်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာတွေအနေနဲ့ အမိန့်ညွှန်ကြားချက်ထုတ်ပြီး ထိန်းချုပ်သင့်တယ်လို့ ကလေးအခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေမှာ ကော်ရှူနေတဲ့ ကလေးငယ်တွေရဲ့ ဗွီဒီယို မှတ်တမ်းတွေနဲ့ ဓာတ်ပုံမှတ်တမ်းတွေ ပျံ့နှံ့ပြီးနောက်မှာပဲ အခုလိုပြောဆိုလိုက်တာပါ။ လူစည်ကားတဲ့ မြန်မာပလာဇာလို နေရာမျိုးတွေနဲ့ YBS ကားပေါ်မှာ ကော်ရှူနေတဲ့ ကလေးငယ်ပုံတွေ ပျံ့နှံ့နေသလို ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။ မြန်မာနိုင်ငံ ကလေးသူငယ်အခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် စီမံကိန်း ဒါရိုက်တာ ဦးအာကာစိုးနောင်က “ဥပဒေတခုအနေနဲ့ လွှတ်တော်က သတ်မှတ်ပေးလိုက်ရင် ဒါမှမဟုတ် ဒါတွေကို ထိန်းချုပ်ဖို့အတွက် အမိန့်ထုတ်ပြန်တာမျိုး လုပ်လိုက်ရင်တော့ ဘာပဲဖြစ်ဖြစ် လျော့တော့ လျေ့သွားမယ်လို့ မြင်ပါတယ်” လို့ ပြောပါတယ်။ လက်ရှိအချိန်မှာ ကော်ရှူတဲ့ပြဿနာကို တရားဥပဒေအရ ပြဋ္ဌာန်းထားတာမရှိလို့ အရေးယူဖို့ အခက်အခဲ ရှိနေတာပါ။ လူမှုဝန်ထမ်း ဦးစီးဌာန အနေနဲ့လည်း ကော်ရှူတဲ့ကလေးငယ်တွေအတွက် လုပ်ဆောင်တာ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ ကော်ရှူတဲ့ အလေ့အထဟာ ဦးနှောက် ထိခိုက်တာတွေအပြင် ရာဇဝတ်မှုတွေ ကျူးလွန်နိုင်တဲ့ အနေအထားရှိတယ်လို့ ဆေးပညာရှင်တွေက သုံးသပ်ထားပါတယ်။ အသက် ၁၀ နှစ်ကနေ ၁၅ နှစ်ကြားမှာရှိတဲ့ လမ်းပေါ်ကလေးအများစုဟာ ပိုက်ကတ်တဲ့ကော်ကို ရှူနေတာပါ။ ဒီကော်ရှူတာနဲ့ပတ်သက်ပြီး ဥပဒေအရ ထိန်းချုပ်နိုင်တာတော့ မရှိသေးပါဘူး။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024