Home
မြန်မာသတင်း
တောင်ငူမြို့နယ်မှာ ယာဉ်မတော်တဆမှုကြောင့် ၃ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ
DVB
·
June 1, 2019
ပဲခူးတိုင်း တောင်ငူမြို့နယ်မှာ ယာဉ်မတော်တဆမှုကြာင့် ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ မေ ၃၁ ရက်နေ့ ည ၇ နာရီခွဲလောက် တောင်ငူမြို့နယ်၊ ထုံးဘိုကြီးကျေးရွာ တောင်ငူ-လွိုင်ကော်ကားလမ်း မိုင်တိုင်(၁၆/၄-၅) ကြားမှာ မျိုးသူမောင်းနှင်ပြီး ကျောက်တွေ တင်ဆောင်လာတဲ့ ၁၀ ဘီးယာဉ်ဟာ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ကို ထိုးကျကာ လမ်းဘေးတဲ ဝင်တိုက် တိမ်းမှောက်ခဲ့တာပါ။ ယာဉ်တိုက်မှုကြောင့် တဲအတွင်းရှိ မသိန်းသိန်းမော် (၄၈) နှစ်အပါအ၀င် ၃ ဦး (ကျား ၁၊ မ ၂) တို့ ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး ဦးလှမြင့်ဦးအပါအ၀င် ၅ ဦး (ကျား ၄၊ မ ၁) နဲ့ ယာဉ်မောင်း မျိုးသူတို့ ဒဏ်ရာ (စိုးရိမ်ရ) တွေ ရရှိခဲ့ပြီး တောင်ငူ ပြည်သူ့ဆေးရုံ ပို့ဆောင်ကုသထားတယ်လို့ ဆိုပါတယ်။ တောင်ငူမြို့နယ် အမှတ်-၁၊ နယ်မြေရဲစခန်းက  မျိုးသူ ကို ရာဇသတ်ကြီးပုဒ်မ ၃၀၄/၃၃၈ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်နာကျင်စေမှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024