Home
မြန်မာသတင်း
နေရောင်ခြည်နှင့်လေစွမ်းအင်မှ လျှပ်စစ် ၄၃၀ မဂ္ဂါဝပ် ထုတ်မည်ဟု မကွေးဝန်ကြီးချုပ်ပြော
DVB
·
May 26, 2019
မကွေးတိုင်းမှာ နေရောင်ခြည်စွမ်းအင်ကနေ လျှပ်စစ်စွမ်းအင် ၁၇၀ မဂ္ဂါဝပ်နဲ့ လေစွမ်းအင်ကနေ ၂၆၀ မဂ္ဂါဝပ်ထုတ်လုပ်သွားမယ်လို့ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ်က ပြောပါတယ်။ စေတုတ္တရာမြို့နယ်၊ ခဲပြစ်ကျေးရွာ လျှပ်စစ်မီးရရှိရေးနဲ့ ရေရရှိရေးအောင်ပွဲအခမ်းအနားမှာ ပြောဆိုလိုက်တာပါ။ မဟာဓာတ်အားလိုင်း မရောက်တဲ့ဒေသတွေကို နေစွမ်းအင်၊ ဒီဇယ်စွမ်းအင်နဲ့ မီးရဖို့ ပြုလုပ်ပေးနေရာ မကြာမီမှာ ရွာပေါင်း ၄၃ ရွာ အိမ်ထောင်စုပေါင်းတစ်သောင်းကျော် မီးရမယ်လို့ ဆိုပါတယ်။ နိုင်ငံတော်အစိုးရက ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ပြုလုပ်ပေးထားပေမယ့် ထိန်းသိမ်းရမယ့်တာဝန်ဟာ ဒေသခံ ရွာသူရွာသားတွေဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။ စေတုတ္တရာမြို့နယ် ခဲပြစ်ကျေးရွာမှာ အိမ်ခြေ ၇၀ ကျော်ရှိပါတယ်။ ကြီးအုံကြီး ၀တမံတည်ဆောက်ခဲ့တာကြောင့် ရေနစ်မြုပ်ခံခဲ့ရကာ တောင်ကုန်းပေါ်ပြောင်းရွှေ့လာရပြီး ၁၀ စုနှစ်တခုကျာ် သောက်သုံးရေ အခက်အခဲကြုံခဲ့ရတာပါ။ အခုအခါ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်အရ ရေနဲ့ လျှပ်စစ်ရရှိအောင် လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024