၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် သီးခြားခေါ်ယူမည့် တက္ကသိုလ်များ ထပ်တိုး

၂၀၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်တွေခေါ်ဆိုရာမှာ အရင်နှစ်ကလို လိုအပ်ချက်တွေ မရှိစေဖို့ ပညာရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌက ပြောပါတယ်။ ဒီနှစ်တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးစနစ်နဲ့ ပတ်သက်ပြီး ပြည်သူအားလုံး သိရှိနားလည်စေဖို့ မီဒီယာတွေကနေတဆင့် သတင်းဖြန့်ဝေတာတွေ၊ စကားဝိုင်းဆွေးနွေးတာတွေ၊ ကာတွန်းတွေရေးဆွဲပြီး လက်ကမ်းစာစောင်တွေ မျှဝေတာတွေနဲ့ တက္ကသိုလ်တွေကလည်း ၀င်ခွင့်စနစ်တွေကို နားလည်ပြီး လာစုံစမ်းသူတွေကို မျှဝေပေးနိင်အောင် လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ၂၀၁၉ ပညာသင်နှစ်အတွက် သီးခြား တက္ကသိုလ်ဝင်ခွင့်တွေကို တက္ကသိုလ် ၁၄ ခုကနေ ခေါ်ယူသွားမှာဖြစ်ပါတယ်။ အခုလို သီးခြားခေါ်ယူရာမှာ အရင်နှစ်ကလို တက္ကသိုလ်တခုချင်းစီအလိုက် တိုက်ရိုက်လျှောက်ထားရမှာမဟုတ်ဘဲ တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့က ရွေးချယ်တဲ့ လျှောက်လွှာပုံစံတခုတည်းမှာသာ တကြိမ်တည်း လျှောက်ထားရမှာဖြစ်ပါတယ်။ အရင်ပညာသင်နှစ်က တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးစနစ်ကို စတင်ပြောင်းလဲပြီး တက္ကသိုလ် ၁၁ ခုကနေ တက္ကသိုလ်ဝင်ခွင့်တွေကို တိုက်ရိုက်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အခုနှစ်မှာ သီးခြားခေါ်ယူဖို့ ထပ်တိုးထားတဲ့ တက္ကသိုလ် ၃ ခုကိုတော့ ၀န်ကြီးဌာနကနေ တရားဝင်ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ သတင်း၊ဓာတ်ပုံ-ဆုဆုသွယ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up