Home
မြန်မာသတင်း
အိန္ဒိယနှင့် မြန်မာရေတပ် ပူးတွဲကင်းလှည့် စစ်ရေးလေ့ကျင့်
DVB
·
May 23, 2019
အိန္ဒိယရေတပ်နဲ့ မြန်မာတပ်မတော် (ရေ) အကြား  နှစ်နိုင်ငံ ပူးတွဲကင်းလှည့် စစ်ရေးလေ့ကျင့်မှုတွေကို ပို့ဘလဲကျွန်းမှာ စတင်ပြုလုပ်နေ တယ်လို့ အိန္ဒိယ ရေတပ်က သတင်းထုတ်ပါတယ်။ (၈) ကြိမ်မြောက် နှစ်နိုင်ငံ ပူးပေါင်းကင်းလှည့်တဲ့ အစီအစဉ်ကို အိန္ဒိယနဲ့ မြန်မာ နိုင်ငံတကာ ရေပိုင်နက်မျဉ်းတလျောက် ၇၂၅ မှာ ကီလိုမီတာမှာ မေလ ၂၀ ရက်ကနေ ၂၈ ရက်အထိ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်အတွက် မြန်မာတပ်မတော် (ရေ) ဧရာဝတီ ရေတပ်စခန်းက  ဗိုလ်မှူးချုပ် ထိန်ဝင်းက မြန်မာတပ်ဖွဲ့ကိုဦးဆောင်ပြီး တပင်ရွှေထီး (773) စစ်သင်္ဘောနဲ့ ကမ်းလွန် ကင်းလှည့် စစ်သင်္ဘော အင်းလေး (OPV-54)တို့ အပြင်လေကြောင်းကင်းလှည့် လေယာဉ်တစီးလည်း ပါဝင် တယ်လို့ သိရပါတယ်။ အိန္ဒိယစစ်ရေယာဉ်အုပ်စုကို အိန္ဒိယရေတပ်က ဗိုလ်မှူးချုပ် အက်စ်ဟူတို့ရှ် ရစ်ဟောကိုက  ဦးဆောင်ပြီး အိန္ဒိယ ရေတပ်စစ်သင်္ဘော Saryu (P54) နဲ့ Bangaram (T65) တို့ ပါဝင်တာ ဖြစ်ပါတယ်။ နှစ်နိုင်ငံ ပူးပေါင်းကင်းလှည့်တဲ့ အစီအစဉ်ကို ၂၀၁၃ ခုနှစ်ကတည်းက စတင် ပြုလုပ်နေတာဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တရားမ၀င်ငါးခိုးဖမ်းတာ၊ မူးယစ်ဆေးဝါးေ မှာင်ခိုကူးတာနဲ့ လူမှောင်ခိုကူးနေတာတွေကို တားဆီးနှိမ်နင်းဖို့ ရည်ရွယ်ပြုလုပ်တာ လည်း ဖြစ်ပါတယ်။ ဓာတ်ပုံ- India Navy
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024