အမေရိကန် တောင်ပိုင်းနှင့် အလယ်ပိုင်း ပြည်နယ်များတွင် မုန်တိုင်းကြောင့် ရာသီဥတုဆိုးရွား

အမေရိကန်နိုင်ငံ တောင်ဘက်ပိုင်းနဲ့ အလယ်ပိုင်းပြည်နယ်တွေမှာ မေလ ၂၁ ရက်နေ့က မုန်တိုင်းတခုကြောင့် ရာသီဥတု အခြေအနေ ဆိုးရွား ပြင်းထန်နေပါတယ်။ မေလ ၂၂ ရက်နေ့ မနက်အစောပိုင်းမှာ မုန်တိုင်းအရှိန် အားလျော့သွားပေမယ့် မေလ ၂၃ ရက် ညပိုင်းမှာတော့ နောက်ထပ်မုန်တိုင်းတခု ဝင်နိုင်ချေ ခန့်မှန်းထားတယ်လို့ NWS မိုးလေဝသစင်တာက ပြောပါတယ်။ ကန်းဆက်ပြည်နယ်နဲ့ အိုကလာဟိုးမားပြည်နယ် တလျှောက်ကနေ မစ်ဇူရီပြည်နယ်အထိ မိုးရေချိန် ၂ လက်မအထိ ရွာနိုင်တယ်လို့ အဲဒီ မိုးလေဝသစင်တာက ခန့်မှန်းပါတယ်။ မြစ်ချောင်းတွေမှာ ရေတွေလျှံပြီး ကမ်းပါးပြိုနိုင်တဲ့ အန္တရာယ်တွေကြောင့် ဆင်မရွန် မြစ်တလျှောက်မှာနေတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရပါတယ်။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အဲဒီဒေသတွေမှာ လျှပ်စစ်မီး ဖြတ်တောက်ထားတယ်လို့လည်း ဒေသခံ မီဒီယာတွေက ကြေညာပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up