ဂိုးသမား ပီတာချက် ချဲလ်ဆီးတွင် အားကစားဒါရိုက်တာရာထူး ရယူဖွယ်ရှိ

ချဲလ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းရဲ့ ဂိုးသမားဟောင်း ပီတာချက်ဟာ ကစားသမား ဘဝကနေ အနားယူပြီးနောက် အသင်းဟောင်း ချဲလ်ဆီးအသင်းမှာ အားကစားဒါရိုက်တာရာထူး ပြန်လည်ရယူဖွယ် ရှိနေတယ်လို့ သိရပါတယ်။ အခုလာမယ့်နွေရာသီမှာ အဲဒီရာထူးကို လက်ခံသွားဖွယ်ရှိပြီး မိုက်ကယ်အီမန်နယ်လို ထွက်ခွာသွားပြီးနောက်ပိုင်း လစ်လပ်နေတဲ့ ရာထူးကို ပထမဆုံးအကြိမ် အသင်းအနေနဲ့ ပြန်လည်ခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ပီတာချက်ဟာ အခုလအကုန်မှာ ကစားမယ့် ချဲလ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲအပြီး အနားယူတော့မှာ ဖြစ်ပါတယ်။ ပီတာချက်ကတော့ လက်ရှိမှာ သူ့အနေနဲ့ အာဆင်နယ်အသင်းနဲ့အတူ ယူရိုပါလိဂ်ဖလား ကိုင်မြှောက်နိုင်ရေးသာ အာရုံစိုက်ထားပြီး အားလုံးပြီးဆုံးတဲ့ အချိန်မှသာ ဘယ်တွေဆက်လုပ်မယ်ဆိုတာ စဉ်းစားမှာဖြစ်ကြောင်း ပြောကြားထားခဲ့ပေမယ့် ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန်အေဘရာမိုဗစ်ခ်ျနဲ့လည်း ရင်းနှီးပြီးသားဖြစ်လို့ အသင်းကိုရောက်ရှိဖို့ သေချာသလောက် ဖြစ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up