Home
မြန်မာသတင်း
Toyota Hiace GL 2019 ကားအသစ်မိတ်ဆက်
ဆုဆုသွယ်
·
May 18, 2019
Toyota ကုမ္ပဏီက အသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ Toyota Hiace GL 2019 ကားအသစ်မိတ်ဆက်ပွဲကို မေလ (၁၇) ရက်နေ့က ရန်ကုန်မြို့ လှိုင်မြို့နယ်မှာရှိတဲ့ Toyota Mingalar Brand New Car Showroom မှာ ပြုလုပ်ခဲ့ပါတယ်။ အသစ်မိတ်ဆက်လိုက်တဲ့ ကားအသစ်ဟာ လူ ၁၄ ဦး စီးနိုင်ပြီး ၂.၈ လီတာ 1GD-FTV ဒီဇယ်အင်ဂျီပါဝင်တဲ့အတွက် သက်ထောင့်သက်သာစီးနင်းနိုင်ပါတယ်။ Toyota Hiace GL ကားအသစ်ဈေးနှုန်းအနေနဲ့ Manural ကားအမျိုးအစားဟာ အမေရိကန်ဒေါ်လာ ၄၃၉၀၀ ကျသင့်မှာဖြစ်ပြီး Auto ကားအမျိုးအစားကတော့ အမေရိကန်ဒေါ်လာ ၄၄၉၀၀ ကျသင့်မှာဖြစ်ပါတယ်။ ကားဝယ်ယူသူတွေကိုတော့ warranty အနေနဲ့ ကီလိုမီတာ ၁ သိန်းမောင်းနှင်ခွင့်နဲ့ ၃ နှစ်အာမခံပေးထားတယ်လို့ ပြောပါတယ်။ ကားဝယ်ယူသူတွေအနေနဲ့ အဖြူရောင်၊ ငွေရောင်၊ အသားရောင်နဲ့ အပြာနုရောင်စတဲ့ အရောင် ၄ ရောင်ကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Toyota Hiace GL ကို အခုလအတွင်း စတင်ဝယ်ယူမယ်ဆိုပါက ကီလိုမီတာ ၅၀၀၀ မောင်းနှင်ပြီးပါက အင်ဂျင်ဝိုင်အခမဲ့ လဲလှယ်ပေးတာတွေ၊ ကားစတစ်ကာမှန်ကပ်ရင် ၅၀ ရာခိုင်နှုန်းလျော့ပေးတာတွေနဲ့ ထိုင်ခုံလှဲလှယ်ရင် ၁၀ ရာခိုင်နှုန်း အလျော့ပေးသွားမယ်လို့ ဆိုပါတယ်။ Toyota Hiace GL ကားကိုတော့ ခရီးသွားလုပ်ငန်းတွေ၊ ရုံးကြိုပို့ကားတွေ၊ ကျောင်းကားတွေအနေနဲ့ အသုံးပြုဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်။ သတင်းဓာတ်ပုံ---ဆုဆုသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024