ကောလင်းတွင် လင်မယားစကားများရာမှ မိန်းမနှင့် ၇ လ သမီးကို ဓားဖြင့်ခုတ်သတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ မြင့်ဒူးကျေးရွာမှာ မေ ၃ ရက်နေ့ နေ့လယ်ပိုင်းက လင်မယားချင်း စကားများရန်ဖြစ်ရာကနေ မိန်းမနဲ့ ၇ လအရွယ် သမီးဖြစ်သူကို ဓားနဲ့ခုတ်သတ်မှု ဖြစ်ပွားခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် မင်းမင်းအောင်ဆိုသူက အသက် ၁၈ နှစ်အရွယ် မိန်းမနှင့် ၇ လအရွယ် သမီးဖြစ်သူကို ငှက်ကြီးတောင် ဓားနဲ့ခုတ်ရာက မိန်းမဖြစ်သူမှာ လည်ပင်း၊ ယာပါးစောင် ပြတ်ရှဒဏ်ရာ၊ ရင်ညွန့်ထိုးသွင်းဒဏ်ရာတွေ၊ သမီးဖြစ်သူမှာ လည်ပင်း၊ ညာဘက်လက်ပြင်၊ ပခုံး ပြတ်ရှဒဏ်ရာ၊ ရင်ညွန့် ထိုးသွင်းဒဏ်ရာတွေ အသီးသီးရရှိကာ နေရာတင် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းတွေမှာ ဖော်ပြထားပါတယ်။ "တရားခံကိုတော့ ဖမ်းဆီးရမိပြီး လိုအပ်တဲ့ စစ်ဆေးဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်။ ကနဦးထွက်ဆိုချက်တွေအရတော့ မိန်းမဖြစ်သူကနေ ရွာထဲက တခြားမိန်းကလေးတွေနဲ့ သမုတ်လို့ မကျေနပ်ရာကနေ စကားများပြီး အခုလိုဖြစ်သွားတာပါ။ တရားခံကတော့ မူးယစ်ဆေးဝါးသုံးစွဲတာ၊ အရက်မသောက်၊ ဆေးမသောက်တတ်ဘူးလို့ သိရပါတယ်" လို့ ကောလင်းမြို့မရဲစခန်း စခန်းမှူး ဒုရဲမှုးငွေမျိုးမြင့်နီက ပြောပါတယ်။ လူသတ်မှုကျူးလွန်ခဲ့သူ မင်းမင်းအောင်ကို ကောလင်းမြို့မရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up