ဂျုဗင်တိုက်စစ်မှူး ရော်နယ်ဒို ခေါင်းတိုက်သွင်းဂိုး ၁၀၀ ပြည့် (ရုပ်သံဟိုက်လိုက်)

ဂျူဗင်​တပ်​စ်​တိုက်​စစ်​မှူး ​ရော်​နယ်​ဒိုဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ တိုရီနိုအသင်နဲ့ ကစားခဲ့တဲ့ပွဲစဉ်​မှာ သူ့ရဲ့ ကစားသမားသက်​တမ်းတ​လျှောက်​ ၆၀၁ ဂိုး​မြောက်​လည်းဖြစ်​ပြီး ​ခေါင်းတိုက်​သွင်းဂိုး ၁၀၀ ပြည့်ဂိုးလည်းဖြစ်​ခဲ့​ပါတယ်​။ ဂျူဗင်​တပ်​စ်​အသင်းဟာ မြို့ခံပြိုင်​ဘက်​ဖြစ်​တဲ့ တိုရီနိုအသင်းကို အိမ်​ကွင်းမှာ လက်​ခံကစားရ​ပေမယ့် ​အသာစီး​တော့ မရခဲ့ပါဘူး။ ပွဲကစားချိန်​ ၁၈ မိနစ်​မှာ တိုရီနိုတိုက်​စစ်​မှူး ဆာဆာလူကစ်​က ဦး​ဆောင်​ဂိုးသွင်းယူ​ပေးခဲ့ပြီး​ ပွဲကစားချိန်​​တော်ေ​တာ်​များများမှာ အသာစီးနဲ့ ကစားသွားခဲ့ပါတယ်​။ ပူပူ​နွေး​နွေး စီးရီ​​အေ ၈ နှစ်​ဆက် ​ချန်​ပီယံဘွဲ့ရထားတဲ့ ဂျူဗင်​တပ်​စ်​တို့ ​ချေပဂိုးရရှိ​ရေး ကြိုးစားခဲ့​ပေမယ့် ပွဲကစားချိန်​ မိနစ်​ ၈၀​ ကျော်​ထိ ​ချေပဂိုးမရခဲ့ဘဲ ၈၄ မိနစ်​အ​ရောက်​မှာ​တော့ ​နောက်​ခံလူ လီယိုနာဒိုစပင်​နတ်​ဇ်​ဇာ ဖန်​တီး​ပေးပို့မှုကို ​ရော်​နယ်​ဒိုက ခေါင်းတိုက်​ပြီး ​ချေပဂိုးကို အရယူ​ပေးခဲ့တာဖြစ်​ပါတယ်​။ ရော်​နယ်​ဒိုလိုပဲ မက်​ဆီဟာ ပြီးခဲ့တဲ့ ချန်​ပီယံလိဂ်​ ဆီမီးဖိုင်​နယ်​မှာ ၂ ဂိုးသွင်းယူပြီး ဂိုး ၆၀၀ ပြည့်ခဲ့တာဖြစ်​ပါတယ်​။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up