ဂျပန်တွင် ကျင်းပမည့် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲအတွက် မြားပစ်ကွင်းအသစ် ဖွင့်လှစ်

ဂျပန်နိုင်ငံမှာ ကျင်းပမယ့် ၂၀၂၀ အိုလံပစ်နဲ့ မသန်စွမ်းအိုလံပစ် အားကစားပြိုင်ပွဲအတွက် မြားပစ်ကွင်းအသစ်ကို ဧပြီ ၂၈ ရက်နေ့က တရားဝင် ဖွင့်လှစ်လိုက်ပါတယ်။ တိုကျိုမြို့မှာ အဲဒီအားကစားပွဲအတွက် ပြိုင်ပွဲကျင်းပမယ့် အဆောက်အအုံ ၈ ခုကို ဆောက်လုပ်နေပါတယ်။ ဒါ့အပြင် လက်ရှိ ရှိပြီးသား အားကစားခန်းမတွေကိုလည်း ပြန်ပြီး မွမ်းမံသွားမှာပါ။ အရင်က အမှိုက်ပုံဟောင်းပေါ်မှာ တည်ဆောက်နေတဲ့ ယုမဲနိုးရှိမ မြားပစ်ကွင်းဟာ မေလမှာ အပြီးသတ် ဆောက်လုပ်ပြီးစီးမှာပါ။ အဲဒီမြားပစ်ကွင်းကို အထူးတန်းပွဲကြည့်စင်နဲ့ သွေးပူလေ့ကျင့်ခန်း လုပ်လို့ရတဲ့ နေရာတွေလည်း ထည့်သွင်း တည်ဆောက်ထားပါတယ်။ အဲဒီမြားပစ်ကွင်းကို ဂျပန် တော်ဝင်မင်းသမီး စုဂုခိုနဲ့အတူ တိုကျိုမြို့တော်ဝန် ယူရိခို ခိုအိခဲ တို့က ဖွင့်လှစ်ပေးခဲ့ပြီး ဂျပန်အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ စုနဲခါ့ဇု တာခဲဒါလည်း ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ဖွင့်ပွဲနေ့မှာပဲ အိုလံပစ်ဆုနှစ်ဆုရှင် ဟိရိုရှိ ယာမာမိုတိုနဲ့ ဂျပန် မြားပစ်အားကစားသမားတွေက မိုးပျံပူဖောင်းတွေပစ်လွှတ်ကာ မြားနဲ့ပစ်ခဲ့ကြပြီး ဒေသခံ မြားပစ်ကလပ်က မြားပစ်သူတွေလည်း လာရောက် လေ့ကျင့်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up