ဒိုင်တွေကို ဝေဖန်သဖြင့် တိုက်စစ်မှူး နေမာ ချန်ပီယံလိဂ် ၃ ပွဲ အပယ်ခံရ

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး နေမာဟာ အင်စတာဂန် လူမှုကွန်ရက်မှာ ဒိုင်တွေကို ရင့်သီးတဲ့ စကားလုံးတွေနဲ့ ဝေဖန်တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ၃ ပွဲ အပယ်ခံလိုက်ရပါတယ်။ ပြီးခဲ့တဲ့ ပီအက်စ်ဂျီနဲ့ မန်ယူတို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်မှာ ကွင်းလယ်ဒိုင်က ဗွီဒီယို အထောက်အကူပြုစနစ်ကို အသုံးပြုပြီး ပင်နယ်တီပေးတဲ့အပေါ် နေမာက ဝေဖန်ခဲ့တာပါ။ အဲဒီပင်နယ်တီကြောင့် မန်ယူက ပီအက်စ်ဂျီကို ၂ ပွဲပေါင်း ရလဒ်နဲ့ နိုင်ခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူး နေမာက ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အပေါ် အင်စတာ ဂန်ပေါ်မှာ စော်ကား ပြောဆိုတဲ့ စကားလုံးတွေ ရေးသားခဲ့တာပါ။ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ပွဲပယ်ပြစ်ဒဏ်ကြောင့် နေမာဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် တ၀က်လောက်အထိ ပါဝင်ခွင့်ရမှာ မဟုတ်တော့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up