Live
Home
မြန်မာသတင်း
အင်းတော်တွင် ကျပ်သိန်းပေါင်း ၁ သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
April 26, 2019
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနားသွား ကားလမ်း နဘားလမ်းဆုံမှာ ဧပြီ ၂၆ ရက် မနက်ပိုင်းက ကျပ်သိန်း ၁ သောင်းကျော်တန်ဖိုးရှိ မှုးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု ၆ ကသာမှ ဒုရဲမှူး မျိုးမင်းက ပြောပါတယ်။ မှုးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု ၆ ကသာမှ တပ်ဖွဲ့ဝင်တွေဟာ သက်သေနဲ့အတူ အင်းတော်မြို့နယ် ရွှေဘို-မြစ်ကြီးနားသွားကားလမ်း နဘားလမ်းဆုံမှာ မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် အင်းတော်မြို့ဘက်ကနေ မိုးညှင်းမြို့ဘက်ကို မြင့်ဇော်ဦး (ခ) မျိုးဇော်ဦး မောင်းနှင်လာပြီး မင်းမင်းဦး (ခ) မင်းဦး နဲ့ ငုဝါလှိုင် လိုက်ပါလာတဲ့ SOJEN PICK UP အမျိုးအစားယာဉ်အား ရပ်တန့်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ယာဉ်နောက် ကြမ်းခင်း အံဝှက်အတွင်းမှ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁ သောင်းကျော်တန်ဖိုးရှိ  ဘိန်းဖြူ အလေးချိန် ၈ ဒသမ ၃၆ ကီလိုဂရမ်နဲ့ စိတ်ကြွဆေးပြား စုစုပေါင်း ၄၅၇၅၀ ပြား ဖမ်းဆီးမိခဲ့တာပါ။ မှုးယစ်ဆေးဝါးတွေ သယ်ဆောင်တဲ့ မြင့်ဇော်ဦး (ခ) မျိုးဇော်ဦးအပါအ၀င် ၃ ဦးကို အင်းတော်မြို့မ ရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကိုကိုလင်း(အင်းတော်)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024