Home
မြန်မာသတင်း
အမျိုးသမီးတဦးကိုသတ်ပြီး ပီနံအိတ်ထဲထည့်အမှိုက်ပုံတွင် စွန့်ပစ်ခဲ့သူ ၂ ဦး ဖမ်းမိ
DVB
·
April 26, 2019
ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်အနီးမှာ အမျိုးသမီးတဦးကို သတ်ဖြတ်ကာ ပီနံအိတ်ထဲ ထည့်ပြီး လမ်းဘေးအမှိုက်ပုံမှာ စွန့်ပစ်ခဲ့တဲ့ လူသတ်မှု ကျူးလွန်သူ ၂ ဦးကို ဖမ်းဆီးမိပြီလို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၆  ရက်မနက် ၇ နာရီခွဲလောက်က  အနောက်ပိုင်း တက္ကသိုလ်အနီး လမ်းမဘေးရှိ အမှိုက်ပုံမှာ ပီနံအိတ်နဲ့ထုတ်ထားတဲ့ ခန္ဓာကိုယ်ထိုးသွင်းဒဏ်ရာ ၈ ချက်နဲ့ အမည်မသိ အမျိုးသမီးအလောင်းကို တွေရှိခဲ့လို့ ရဲက အမှုဖွင့် စုံစမ်းနေတာပါ။ ဒီအမှုနှင့်ပတ်သက်ပြီး မြောက်ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုက တပ်ဖွဲ့ဝင်တွေ စုံစမ်းစစ်ဆေးခဲ့ရာမှာ  ကျော်ဇေယျာလင်း(ခ) လင်းလင်းနဲ့ တင်ထွန်းဝင်း(ခ)ဝက်သား(ခ)ဦးတင် တို့ကို ဖမ်းဆီးမိခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ ပြစ်မှုအတူကျူးလွန်သူ တင်ထွန်းဝင်း(ခ)  ဝက်သား(ခ) ဦးတင်ကို သူနေထိုင်ရာ လှိုင်သာယာမြို့နယ်၊ (၁)ရပ်ကွက်၊ ကနောင်လမ်း၊ အမှတ်-၂၅၉ နေအိမ်မှာ ဧပြီ ၂၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။ အခင်းဖြစ်ချိန်မှာ အသုံးပြုတဲ့  သက်သေခံပစ္စည်း၊ ယာဉ်နဲ့ ရွှေထည် ပစ္စည်းတွေ သိမ်းဆည်းရရှိပြီးဖြစ်လို့ ဖမ်းဆီးထားသူ ၂ ဦးကို ဥပဒေနှင့် အညီ တရားစွဲ  တင်ပို့နိုင်ရေး ဆက်လက် ဆောင်ရွက်နေတယ်လို့ ရဲသတင်းမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ-YGN Police
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024