Home
ရုပျသံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
April 25, 2019
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေ အတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေ ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ Drama Sci-fi Thriller အမျိုးအစားရုပ်ရှင်ကားတကားဖြစ်တဲ့ Fast Color ! ဒီကားကိုတော့ LD Entertainment က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် အမျိုးသမီးရုပ်ရှင်ဒါရိုက်တာ Julia Hart က ကိုယ်တိုင်ဇာတ်ညွှန်းခွဲပြီး ကိုယ်တိုင်ပဲ ရိုက် ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ သဘာဝလွန် ပါဝါစွမ်းအားတွေ ပိုင်ဆိုင်တဲ့ ထူးဆန်းတဲ့ လူမည်း အမျိုးသမီးတယောက်အကြောင်းကို ရှုစားကြရမှာ ဖြစ်ပါတယ်။ သူ့နောက်ကို ခြေရာခံ လိုက်သူတွေကို တိမ်းရှောင်ရင်း မိသားစုကို စွန့်ခွာထွက်ပြေးနေခဲ့ရပြီး နှစ် ပေါင်းများစွာအကြာ ဘယ်နေရာမှ မလွတ်နိုင်တော့တဲ့ အခါမှာတော့ သူဘာဆက်လုပ် မလဲ။ သူပုန်းအောင်းရမယ့်နေရာဟာ မိသားစုရဲ့ လယ်တောအိမ်လို့ သိရပြီး ကွဲကွာနေ တဲ့ သူ့ရဲ့ သမီးဖြစ်သူ၊ မိခင်ဖြစ်သူစတဲ့ မိသားစုတွေနဲ့ ပြန်ဆုံချိန်မှာ ဘာတွေ ဆက်ဖြစ် လာမလဲဆိုတာတွေကို ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဗြိတိန်သရုပ်ဆောင်မင်းသမီး Gugu Mbatha-Raw က ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Lorraine Toussaint ၊ Saniyya Sidney ၊ Christopher Denham စတဲ့ သရုပ် ဆောင်တွေလည်း ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က နာမည်ကြီးရုပ်ရှင်ပွဲတော်တခု ဖြစ်တဲ့ South By Southwest ရုပ်ရှင်ပွဲတော်မှာ ကနဦးပြသခဲ့တာဖြစ်ပြီး IMDb မှာ တော့ Rating 6.3 အထိ ရရှိထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းတွေ၊ သရုပ်ဆောင်မှု ပြကွင်းပြ ကွက်တွေ၊ ပြောစကား Dialog တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြု ချက်နဲ့မှ ကြည့်သင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၀၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဧပြီလ ၁၉ ရက်နေ့က စတင် ပြီး ရုံတင်ပြသနေတာ ဖြစ်ပါတယ်။ နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ သွေးပျက်ထိတ်လန့် စရာကောင်းတဲ့ Horror Mystery Thriller အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ ကြိုက်နှစ် သက်ကြမယ့် The Curse of La Llorona ! ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေ ဖြစ်ကြတဲ့ Warner Bros. နဲ့ New Line Cinema တို့က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ဒါ ရိုက်တာ Michael Chaves က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာ Michael Chaves ဟာ နာမည်ကြီးရုပ်ရှင် Conjuring 3 ကို ရိုက်ကူး ခဲ့တဲ့ ဒါရိုက်တာတယောက်ဖြစ်ပြီး ခုရုပ်ရှင်ကားကတော့ Conjuring Universe နဲ့ ချိတ် ဆက်မယ့် ၆ ကားမြောက် ရုပ်ရှင်ကား ဖြစ်လာခဲ့တာပါ။ လက်တင်အမေရိကန် ဒဏ္ဍာရီပုံပြင်ထဲက La Llorona ဆိုတဲ့  အမျိုးသမီးဟာ သူ့ရဲ့ ကလေးနှစ်ယောက်ကို ရေနှစ်သတ်ပြီး နောက်ပိုင်းမှာ နောင်တရ ငိုကြွေးနေလေ့ ရှိတဲ့ သရဲမဖြစ်လာပြီး သူ့ရဲ့ ငိုသံကြားတဲ့သူတွေ၊ အနားရောက်နေတဲ့သူတွေ ဟာ လည်း ကံကြမ္မာဆိုးတွေနဲ့ ကြုံတွေ့ရပါတယ်။ ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲ။ နောက် ပြီး ညဘက်တွေဆိုရင်လည်း သူက ကလေးတွေအနား ရောက်လာပြီး နှောက်ယှက် လေ့ရှိတာမို့ ဒီကားထဲမှာ ဘယ်လိုသွေးပျက်ထိတ်လန့်စရာကောင်းတဲ့ ဇာတ်လမ်းဇာတ် ကွက်တွေနဲ့ ဖန်တီးထားမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Linda Cardellini ၊ Raymond Cruz နဲ့ Patricia Velásquez တို့က ခေါင်းဆောင်ပါဝင်ထား ကြတာဖြစ်ပြီး IMDb မှာတော့ Rating 7.4 အထိ ရရှိထားတဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က နာမည်ကြီးရုပ်ရှင်ပွဲတော်တခု ဖြစ်တဲ့ South By Southwest ရုပ်ရှင်ပွဲတော်မှာ ကနဦးပြသခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ သွေးပျက်ထိတ်လန့်စရာ မြင်ကွင်းတွေ၊ ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ် တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ့်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့် ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၉၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဧပြီလ ၁၉ ရက်နေ့ကတည်းက စတင်ပြီး ရုံတင်ပြသနေတာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ မြန်မာဒရာမာရုပ်ရှင် ကားတကားဖြစ်တဲ့ ပြုံးရွှင်ရေ ပျော်ရဲ့လား ! ဒီကားကိုတော့ မျက်ခြယ်ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး နာ မည်ကြီး စာရေးဆရာ အကြည်တော်ရဲ့ ၀တ္ထုကို ဒါရိုက်တာ ၀င်းထွန်းထွန်းက ရုပ်ရှင်အ ဖြစ်ပုံဖော် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ပရိသတ်ကြိုက် နာမည်ကြီးသရုပ်ဆောင်မင်းသား နေတိုးက ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ တခြားသရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ် ကြတဲ့ ကျော်ကျော်ဗို၊ ရွှေမှုံရတီ၊ အေးမြတ်သူစတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားခဲ့ ကြတာ ဖြစ်ပါတယ်။ နေတိုးကတော့ ဒီကားထဲက အဓိကဇာတ်ကောင် လူရွှင်တော်တယောက်နေရာ က ပါဝင်ထားပြီး ပရိသတ်အကြိုက် ငိုရ၊ ရယ်ရအောင် သရုပ်ဆောင်ပြနေရပေမယ့် အဲဒီ နောက်ကွယ်မှာ ရှိနေတဲ့ ရင်နင့်ကြေကွဲစရာ အဖြစ်အပျက်ဇာတ်လမ်းတွေကိုပါ ဒီကားထဲ မှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ တေးရေးဆရာ ဓီရာမိုရ်က ရေးစပ်ထားပေးပြီး အဆိုတော် ညီ သူက သီဆိုပေးထားတဲ့ ဇာတ်ဝင်သီချင်းဟာလည်း ပရိသတ်တွေကြားမှာတော့ ရုံမတင် ခင်ကတည်းက ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် ဧပြီလ ၂၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားက တော့ ဟောလိဝုဒ် နာမည်ကြီး စူပါဟီးရိုးရုပ်ရှင်ကားတကားဖြစ်တဲ့ Avengers: Endgame ! ဒီကားကိုတော့ ဟောလိဝုဒ်ရုပ်ရှင်လောကမှာ Russo ညီနောင်လို့ လူသိ များတဲ့ ဒါရိုက်တာညီအစ်ကို နှစ်ဦးဖြစ်တဲ့ Anthony Russo နဲ့ Joe Russo တို့က ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ Marvel Comics တွေကို ရုပ်ရှင်အဖြစ် အသက်သွင်း ပုံဖော်ရိုက်ကူးတဲ့ ဒီရုပ်ရှင်ကားဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Avengers၊ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Avengers: Age of Ultron၊ မနှစ်က ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Avengers: Infinity War စတဲ့ ရုပ်ရှင်ကားတွေရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းအနေနဲ့ ထွက်ရှိလာခဲ့တာဖြစ်ပြီး ဒီအပိုင်းဟာ ဒီရုပ်ရှင်ကားရဲ့ နောက်ဆုံး အဆုံးသတ်ဇာတ်ကားတကား ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဟောလိဝုဒ် နာမည်ကြီးသရုပ်ဆောင်တွေ အများ ကြီး ပါဝင်ထားကြပြီး ဟီးရိုးဇာတ်ကောင်တွေအဖြစ် သရုပ်ဆောင်ထားခဲ့ကြတာပါ။ Iron Man ဇာတ်ကောင်နေရာမှာတော့ မင်းသားကြီး Robert Downey Jr. က သရုပ်ဆောင်ထားပြီး မင်းသား Chris Hemsworth ကတော့ လူစွမ်းကောင်း Thor အဖြစ် ပါဝင်ထားပါတယ်။ မင်းသမီးချော Scarlett Johansson ကတော့ Black Widow ဇာတ်ကောင် နေရာကနေ ပါဝင်ထားခဲ့တာဖြစ်ပြီး Captain America အဖြစ် Chris Evans က ပါဝင်သရုပ်ဆောင်ထားခဲ့ကြပါတယ်။ သရုပ်ဆောင်မင်းသား Bradley Cooper ကတော့ Rocket အဖြစ် သ ရုပ်ဆောင်ထားပြီး နာမည်ကြီး ဗီလိန်ဇာတ်ကောင် Thanos နေရာမှာတော့ Josh Brolin က သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာ သိပ်မကြာခင်ကမှ ရုံတင်ပြသခဲ့တဲ့ Captain Marvel ရုပ်ရှင် ကားထဲက အမျိုးသမီး စူပါဟီးရိုးအနေနဲ့ သရုပ်ဆောင်မင်းသမီး Brie Larson ကလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ စွန့်စွန့်စားစား ဇာတ်ဝင်ခန်းတွေ၊ အထူးပြုလုပ်ချက်တွေနဲ့ ရှုစားကြရမယ့် ဒီရုပ်ရှင်ကားတွေဟာ အရင်ကလည်း အောင်မြင်ခဲ့တာမို့ ခုနောက်ဆုံးထွက်ရှိလာ တဲ့ ရုပ်ရှင်ကားထဲမှာတော့ ဘယ်လိုအဆုံးသတ်တွေနဲ့ ဖန်တီးထားမလဲ ဆိုတာက လည်း စိတ်ဝင်စားစရာပါပဲ။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ ဇာတ်ဝင်ခန်းမြင်ကွင်း တွေ၊၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ရုံတင်ခဲ့ပြီးဖြစ်တဲ့ ဒီရုပ်ရှင် Series တွေဟာ Box Office မှာ ရုံပြည့်ရုံလျှံ ပရိသတ် အားပေးမှုတွေ ရရှိခဲ့တဲ့ ကားတွေဖြစ်တာမို့ အခုပြသမယ့် ရုပ်ရှင်ကရော ပရိသတ်အားပေးမှု ဘယ်လောက်ရှိမလဲဆိုတာကိုတော့ မကြာခင်မှာ စောင့်မျှော် ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၈၁ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဧပြီ ၂၆ ရက်နေ့ ရုံတင်ပြသသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ထူးထူး ခြားခြား မြန်မာရုပ်ရှင်ကားတကား ဖြစ်တဲ့ မဟူရာ ရုပ်ရှင်ရုံ ! ဒီကားကိုတော့ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဒါ ရိုက်တာ ပြည့်ဇော်ဖြိုးက ကိုယ်တိုင်ဇာတ်ညွှန်းခွဲပြီး ကိုယ်တိုင်ပဲ ပုံဖော်ရိုက်ကူးထားခဲ့ တာ ဖြစ်ပါတယ်။ လူငယ် Film makers ၄ ယောက်ဟာ နယ်မြို့လေးတမြို့က ရုပ်ရှင်ရုံဟောင်းတ ခုကို Travel Film Ferstival တခုအတွက် ငှားရမ်းခဲ့ကြပါတယ်။ အဲဒီရုပ်ရှင်ရုံအဟောင်း ထဲမှာတော့ သူတို့ မသိနိုင်တဲ့ ခြောက်ခြားစရာ အတိတ်ဖြစ်ရပ်တွေ ရှိနေခဲ့ပြီး သွေးပျက် ထိတ်လန့်စရာကောင်းတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရချိန်မှာ ဘာတွေ ဆက်ဖြစ်လာမ လဲ။ သူတို့နဲ့ ပူးပေါင်းမိခဲ့တဲ့ NGO ၀န်ထမ်းတယောက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံသူ Ria နဲ့ ဆုံ ချိန်မှာတော့ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာတွေကို ပရိသတ်တွေက ရှုစားကြရမှာ ဖြစ် ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ မြန်မာသရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ နေ တိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ နန်းဆုဦးတို့နဲ့အတူ ထူးထူးခြားခြား အိန္ဒိယသရုပ်ဆောင် မော်ဒယ် Riya Ray တို့က ခေါင်းဆောင် ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားကို အိန္ဒိယ ရုပ်ရှင်ပွဲတော် ၂ ခုမှာ ပါဝင်ပြသခဲ့ပြီး တက်သစ်စ ဒါရိုက်တာဆု၊ ဇာတ်ကားဆု၊ သရုပ်ဆောင်မင်းသားဆုနဲ့ အသံဆု စတဲ့ ထူးချွန်ဆုတွေ ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဧပြီလ ၂၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၁၀.၄၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း ကြည့်ရှုအားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024