သီရိလင်္ကာ ဗုံးခွဲတိုက်ခိုက်မှု အိုင်အက်စ်လက်ချက်ဟု ကြေညာ

သီရိလင်္ကာနိုင်ငံမှာ လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့တဲ့ အီစတာပွဲတော်နေ့ ဗုံးခွဲတိုက်ခိုက်မှုက သူတို့လက်ချက်ဖြစ်တယ်လို့ အိုင်အက်စ် စစ်သွေးကြွအဖွဲ့က ဧပြီ ၂၃ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေဟာ သီရိလင်္ကာနိုင်ငံက ခရစ်ယာန်ဘာသာဝင်တွေနဲ့ နိုင်ငံသား လူစုလူဝေးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ အိုင်အက်စ်အဖွဲ့ရဲ့ AMAQ  သတင်းဌာနကတဆင့် ထုတ်ဖော်ပြောခဲ့တာပါ။ ဒါပေမယ့် ဒီတိုက်ခိုက်မှုကို သူတို့လုပ်တယ်ဆိုတဲ့ ခိုင်မာတဲ့ သက်သေ အထောက်အထားတွေကိုတော့ မဖော်ပြခဲ့ပါဘူး။ သီရိလင်္ကာနိုင်ငံမှာ ဧပြီ ၂၁ ရက်နေ့ အီစတာပွဲတော်နေ့က ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေနဲ့ ဇိမ်ခံဟိုတယ်တွေမှာ ဗုံးပေါက်ကွဲလို့ လူပေါင်း ၃၂၁ ယောက် သေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up