အမေရိကန်တွင် အင်ဂျင်နှစ်လုံးတပ် လေယာဉ် ပျက်ကျ၊ လိုက်ပါလာသူအားလုံး သေဆုံး

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ကားဗေးလ်မြို့အနီးမှာ ဧပြီ ၂၂ ရက်နေ့က အင်ဂျင်နှစ်လုံးတပ် လေယာဉ် ပျက်ကျခဲ့တာကြောင့် လိုက်ပါလာသူ ၆ ဦးစလုံး သေဆုံးခဲ့ပါတယ်။ Beechcraft BE58 လေယာဉ်မှူးက ကားဗေးလ်လေဆိပ်မှာ ဆင်းဖို့ ကြိုးပမ်းချိန်မှာပဲ ပျက်ကျခဲ့တယ်လို့ ဖက်ဒရယ်လေကြောင်း အုပ်ချုပ်ရေး ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ လေယာဉ်အပျက်အစီးတွေကို လေဆိပ် အနောက်မြောက်ဘက် ၁၀ ကီလိုမီတာအကွာမှာ တွေ့ရပါတယ်။ အဲဒီလေယာဉ်ဟာ အစောပိုင်းက တက္ကဆက်ပြည်နယ် West Houston လေဆိပ်ကနေ ထွက်ခွာလာတာပါ။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ အမျိုးသားပို့ဆောင်ရေး လုံခြုံမှု ဘုတ်အဖွဲ့က စုံစမ်းမယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up