သတ္တိကောင်းတဲ့ မာလာလာ
DVB
·
October 24, 2012
အောက်တိုဘာ ၉ ရက်နေ့တုန်းက တာလီဘန် သေနတ်သမားတွေက ပါကစ္စတန်က ကျောင်းသူလေး မာလာလာ ယူဆွတ်ဆေးရဲ့ ခေါင်းနဲ့ လည်ပင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ တခြား ကျောင်းသူတွေနဲ့အတူ ကျောင်းက ပြန်လာတုန်း တာလီဘန် အစွန်းရောက်တွေက ကျောင်းကားကို ရပ်ခိုင်းလိုက်ပြီး ကျောင်းကားပေါ်ကို တက်လာပြီးတော့ မာလာလာဆိုတာ ဘယ်တယောက်လဲလို့ မေးပြီး သေနတ်နဲ့ အပစ်ခံလိုက်ရတာပါ။
တာလီဘန်တွေက အခုလို ပစ်ခတ်ရတဲ့အကြောင်းက မာလာလာဟာ ဘာသာရေးအယူဝါဒမျိုးစုံကို တန်ဖိုးထားရေး၊ အနောက်တိုင်းအတွေးအခေါ်နဲ့ အမျိုးသမီးတွေအတွက် ပညာရေးကို ထောက်ခံ စည်းရုံးတာကြောင့်လို့ ဆိုပါတယ်။
သတင်းထောက် မူဒါဆာဆာက ဆ၀ပ်တောင်ကြားဒေသက မာလာလာရဲ့ကျောင်းကလေး နဲ့ ကျောင်းကားပေါ်မှာ မာလာလာလိုပဲ သေနတ်ဒဏ်ရာရခဲ့သူတွေကို သွားရောက်ပြီး အခုလို သတင်းဆောင်းပါးပေးပို့ထားပါတယ်။ မယုယမိုးက တင်ဆက်ပေးထားပါတယ်၊၊