လုပ်ကြံခံရသည့် တိမ်ညိုရဲကင်းစခန်းမှူး၏ မိသားစုဝင်များကို ထောက်ပံ့ငွေ ပေးအပ်
DVB
·
April 7, 2019
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုရဲကင်းစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်ရင်း လုပ်ကြံခံခဲ့ရတဲ့ ရဲအုပ်ကျော်ကျော်လှရဲ့ မိသားစုဝင်တွေကို ဧပြီလ ၆ ရက်နေ့က ထောက်ပံ့ငွေ ၆၄ သိန်းကျော် ပေးအပ်လှူဒါန်းခဲ့တယ်လို့ ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၃ ရက်နေ့ညနေက ထမင်းစားနေစဉ်အတွင်း အမည်မသိ သေနတ်သမား ၂ ဦးက အနီးကပ်ပစ်ခတ်ခဲ့တာကြောင့် မြောက်ဦးပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူရင်း သေဆုံးခဲ့တဖြစ်ပြီး ဒီနေ့ထိ လုပ်ကြံသတ်ဖြတ်သူတွေကို မဖမ်းဆီးနိုင်သေးပါဘူး။
တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ ရဲအုပ် ကျော်ကျော်လှအတွက် ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ဒုရဲမှူးတို့ အပါအဝင် ဒုရဲအုပ်လောင်း အပတ်စဉ် ၆၅ က သူငယ်ချင်းတွေရဲ့ စုပေါင်းထည့်ဝင်ငွေတွေကို သွားရောက် ထောက်ပံ့ပေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒါကြောင့် ရဲအုပ်ကျော်ကျော်လှရဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေက တရားခံကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးပေးစေချင်တယ်လို့ ပြောပါတယ်။